မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မိုးကောင်းဘုရားဆွမ်းလောင်းလှူပွဲတွင်ပါဝင်လှူဒါန်း

 

မြင်းခြံ သြဂုတ် ၂၃

မြင်းခြံမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှ ပါတီဥက္ကဋ္ဌ ဦးဝေမျိုးဟန် နှင့်အဖွဲ့သည် မြင်းခြံမြို့နယ် ဗလုံ အုပ်စု လေးရွာဆုံကျေးရွာရှိ မိုး ကောင်းဘုရားဆွမ်းလောင်းပွဲသို့ ယမန်နေ့ နံနက်ပိုင်းက သွားရောက် ၍ လှူဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများ သွားရောက်လှူဒါန်းခဲ့သည်။

ထို့နောက် ရွာဦးကျောင်း ဆရာတော်အား ဝင်ရောက်ဖူးမြော် ပြီး မြတ်ဗုဒ္ဓသာသနာတော်အဓွန့် ရှည် တည်တံ့ရေးကို ရည်မျှော်၍ ပဋ္ဌာနပါဠိကျမ်းငါးအုပ်တွဲအား လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးကို(မြင်းခြံ)