ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲနှင့်ဆုချီးမြှင့်ပွဲသို့ တက်ရောက်ဆုချီးမြှင့်

 

မောင်မောင်မြင့်(ချောင်းဦး)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီမှကြီးမှူး၍ ဓမ္မစကြာရွတ်ဖတ် ပူဇော်ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၈ နာရီက တိုင်းရုံးခန်းမ၌ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါက်တာဝင်းမြင့်အောင်၊ တိုင်း ဒေသကြီးပါတီကော်မတီဝင် အမျိုး သမီးရေးရာ တာဝန်ခံဒေါ်သိင်္ဂီ ဝင်းရွှေ၊ ဒု-တာဝန်ခံ ဒေါ်ယဉ် မာဝင်း၊ တိုင်းဒေသကြီး အရန် ပါတီကော်မတီဝင်ဒေါ်ကြူမိုးသန့်၊ မုံရွာခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုး နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ယင်းမာပင်ခရိုင်နှင့် မုံရွာခရိုင် အတွင်းရှိ အမျိုးသမီးရေးရာတာဝန်ခံ များ၊ဖိတ်ကြားထားသောဧည့်သည် တော်များ၊ ဒိုင်ချုပ်နှင့်ဒိုင်အဖွဲ့ဝင် များ၊ ဓမ္မစကြာဝတ်အသင်းများ စုစုပေါင်း အင်အား ၂ဝဝ ကျော် တက်ရောက်ကြသည်။
အခမ်းအနားတွင် ”နမော တဿ”သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ဖွင့်လှစ်ပြီး ဗဟိုအလုပ် အမှုဆောင်တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင် ဇော်ဦး၊ တိုင်းဒေသကြီးပါတီကော် မတီဝင် ဒေါက်တာ ဝင်းမြင့်အောင် တို့က ဆုများ အသီးသီးချီးမြှင့်ခဲ့ ကြပြီး”ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

မုံရွာ သြဂုတ် ၂၇