ပြည်ခိုင်ဖြိုးပါတီ အခမဲ့နယ်လှည့်ဆေးကုသ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်

 

မြစ်ကြီးနား သြဂုတ် ၂၇

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည် နယ်အရန်ကော်မတီဝင်ဒေါက်တာခင်မောင်ထွန်းဦးဆောင်သော အခမဲ့နယ်လှည့်ဆေးကုသရေးအဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၁ နာရီက မြစ်ကြီးနားမြို့လယ်ကုန်းရပ်ကွက် အောင်ချမ်းသာကျောင်းတိုက်တွင် ဒေသခံပြည်သူ ၆ဝ တို့အား ကျန်းမာရေးအသိပညာပေးခြင်း၊ စမ်း သပ်စစ်ဆေးကုသခြင်းများအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။