အောင်မြေသာစံပြည်ခိုင်ဖြိုး ရပ်ကွက်ပါတီများ ပြန်လည်ဖွဲ့စည်း

KoHtay2

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်ပါတီများ ပြင်ဆင်ဖွဲ့စည်းခြင်းဆောင်ရွက်လျက်ရှိရာ မေလ (၂၉) ရက်နေ့က သီရီမာလာ အနောက်ရပ်ကွက်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ မင်းတဲအီကင်းရပ်ကွက်၊ ပုလဲငွေရောင်ရပ်ကွက်၊ မဟာ ဇေယျာဘုံရပ်ကွက်နှင့်  ဘုန်းတော်တိုး ရပ်ကွက်များ၌ အသီးသီး ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီးစီး ခဲ့ကြောင်း သိရသည်။

ရပ်ကွက်ပါတီများ ကွင်းဆင်းပြင်ဆင်ဖွဲ့စည်းစဉ် ဘုန်းတော်တိုးရပ်ကွက်အတွင်းရှိ “လူငယ့်ရှေ့ဆောင်” ဘုံဆွမ်းလောင်းအဖွဲ့သို့ မြို့နယ်ပါတီအတွင်းရေးမှူးနှင့်အဖွဲ့မှ ဘုံဆွမ်းလောင်းလှူရန်အတွက် အလှူငွေ (၃၀၀၀၀ိ /-) ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

Credit – Ko Htay


Leave a Reply