မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ ပါတီဗဟိုအလုပ်အမှုဆောင်တက်ရောက် အဖွင့်အမှာစကားပြောကြား

 

မန္တလေး ဖေဖော်ဝါရီ ၁၈

မန္တလေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူးသော မြန်မာ့ ရိုးရာထမနဲထိုးပြိုင်ပွဲအား ယမန်နေ့ မွန်းလွဲ ၃နာရီမှ ညနေ ၄ နာရီခွဲအထိ တိုင်းဒေသ ကြီးပါတီရုံးရှေ့၌ ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲအား မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ မြန်မာတို့၏ ဆယ့် နှစ်လရာသီပွဲတော်များအနက် တပို့တွဲလ အတွင်း ကျင်းပလေ့ရှိသော မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား ပါတီဝင်များအနေဖြင့် ရိုးရာအမွေကိုအစဉ်ထိန်းသိမ်းစောင့်ရှောက် တတ်စေရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ် ကြောင်း၊ ပြိုင်ပွဲသို့ မန္တလေးခရိုင်အတွင်းရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံ မြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြ သာစည်မြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့ ပြိုင်ပွဲဝင်အသင်းတစ်သင်းစီဖြင့် စုစုပေါင်း ခုနစ်သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း၊ ပြိုင်ပွဲ ဝင်အသင်းများအနေဖြင့် ထမနဲထိုးရန် အတွက် ၄၅ မိနစ်အချိန်ပေးခဲ့ကြောင်း၊ အဆိုပါအချိန်အတွင်း ပြိုင်ပွဲ၏ စည်းကမ်း သတ်မှတ်ချက်များနှင့်ပြည့်စုံသော အသင်း သုံးသင်းအားပထမဆု၊ ဒုတိယဆု၊တတိယ ဆုနှင့်နှစ်သိမ့်ဆုများအား ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။
ပြိုင်ပွဲတွင်ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် ထမနဲထိုးပြိုင်ပွဲ၏ ဒိုင် အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီးပါတီကော် မတီဝင်ဦးမျိုးမြင့်က ပြိုင်ပွဲအသင်းများ လိုက်နာရမည့် ပြိုင်ပွဲစည်းကမ်းချက်များကို ဖတ်ကြား၍ ထမနဲထိုးပြိုင်ပွဲအား စတင် ယှဉ်ပြိုင်ခဲ့သည်။

ပြိုင်ပွဲတွင်အမရပူရမြို့နယ်ပြည်ခိုင်ဖြိုး ပါတီမှ ပထမဆုကိုလည်းကောင်း၊ ချမ်း အေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဒုတိယဆုကိုလည်းကောင်း၊ ပြည်ကြီး တံခွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ တတိယ ဆုကိုလည်းကောင်း၊ ကျန်မြို့နယ်ပြည်ခိုင် ဖြိုးပါတီများမှ နှစ်သိမ့်ဆုများကိုလည်း ကောင်းအသီးသီးရရှိခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ် အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင်နှင့်အတူ တိုင်းဒေသ ကြီးပါတီအတွင်းရေးမှူးဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘို သင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဝါဝါ လှိုင်၊ခရိုင်ပါတီကော်မတီဝင်များ၊ ဒိုင်အဖွဲ့ ဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်များမှဥက္ကဋ္ဌ များ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင် များ၊ ပါတီဝင်များတက်ရောက်ခဲ့ကြသည်။

သုတ(မန္တလေး)