ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ကျေးရွာများသို့ ကွင်းဆင်းတွေ့ဆုံ

 

တမူး စက်တင်ဘာ ၁၂

တမူးပြည်ခိုင်ဖြိုးပါတီမှခရိုင် ပါတီဥက္ကဋ္ဌဦးခင်မောင်ရွှေနှင့် ကိုယ်စားလှယ်လောင်း ဦးရိုထန်း ပွီးယာတို့ဦးဆောင်သောအဖွဲ့သည် ယမန်နေ့က ခမိတ်ကျေးရွာ နန်မွန်းတားကျေးရွာနှင့် ရန်ငြိန်း အောင် ကျေးရွာများသို့ ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေး နယ် မြေကွင်းဆင်းစည်းရုံးရေးဆင်းခဲ့ ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီအလုပ်အမှုဆောင်အဖွဲ့နှင့် ခရိုင်ဥက္ကဌ| ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ| မြို့နယ်ဥက္ကဌ| မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံများလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

စက်တင်ဘာ- ၁၂ မုံရွာ

စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီအလုပ်အမှုဆောင်အဖွဲ့နှင့် ခရိုင်ဥက္ကဌ| ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ| မြို့နယ်ဥက္ကဌ| မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီကနေ့မနက်(၁၀:၀၀)နာရီ အချိန်က တိုင်းပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မ
တီဝင်တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်းက ရှေးဦးစွာအဖွင့်အမှာစကားပြောကြားပြီး တိုင်းပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သိဂီင်္ဝင်းရွှေမှ အမျိုးသမီးညီလာခံကျင်းပရေးနှင့်ပတ်သတ်၍ ဆွေး နွေး တင်ပြခဲ့သည်။ ၄င်းနောက်ခရိုင်ပါတီဥက္ကဌများနှင့် ခရိုင်အမျိုးသမီးရေးရာတာဝန်ခံများ| မြို့နယ်ပါတီဥက္ကဌများမှ ဆွေးနွေးတင်ပြကြပါသည်။
ထို့နောက်တွင် တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦးက လိုအပ်သည်များကိုဆွေးနွေးပြောကြားပြီး တိုင်းပါတီဥက္ကဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လည်(၀၁:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အစည်းအဝေးသို့ တိုင်းပါတီကော်မတီဝင်များ| ခရိုင်(၉)ခရိုင်နှင့်ခရိုင်(၅)ခရိုင်အတွင်းရှိ မြို့နယ်(၁၉)မြို့နယ်မှ ပါတီကော်မတီဝင်များ စုစုပေါင်း(၆၅)ဦးတက်ရောက်ခဲ့ပါသည်။

ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်လှစ်

 

ဝန်းသို၊ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူး၍ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၇ /၂ဝ၁၈) ဖွင့်ပွဲကို ယမန်နေ့နံနက် ၉နာရီက မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့ရာ ရပ် ကွက်ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ကြသည်။ သင်တန်းဖွင့်ပွဲတွင် နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ကာ တိုင်းဒေသကြီးကော်မတီဝင် ခရိုင်ပါတီတာဝန်ခံ ဦးအောင်ကျော်ဇံက အမှာစကားပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထိန်မင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ရပ်ကွက်ကျေးရွာအုပ်စုများမှ ပါတီကော်မတီဝင်များနှင့် ပါတီဝင်များ စုစုပေါင်း ၁ဝ၅ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှ ယခုလ ၁၄ ရက်အထိဖြစ်ကြောင်း သိရသည်။

ကနီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ စာစီစာကုံးပြိုင်ပွဲဆုများချီးမြှင့်

 

ကနီ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာခရိုင် ကနီမြို့နယ် တွင်ကျင်းပသော မြို့နယ်ကြက်ခြေနီအသင်း ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့စာစီစာကုံးနှင့် ကျပန်းစကားပြော ပြိုင်ပွဲ ဆုပေးအခမ်းအနားသို့ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌဦးကျန်ထွန်းနှင့် အတွင်းရေးမှူးဒေါ်မာမာဦးတို့ တက်ရောက်ခဲ့သည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲ၌ဆုရရှိသည့် ကျောင်း သားများအား ဆုချီးမြှင့်ခြင်းအစီအစဉ်တွင် ပထမဆုရရှိ သောကျောင်းသားအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျန်ထွန်းကလည်းကောင်း၊ ဒုတိယဆုနှင့်တတိယ ဆုရရှိသောကျောင်းသားများကို အတွင်းရေးမှူး ဒေါ်မာ မာဦး(အမျိုးသမီးတာဝန်ခံ)ကလည်းကောင်းအသီးသီး ဆုများချီးမြှင့်ပေးခဲ့ကြသည်။

ဗဟိုအမျိုးသမီးညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသမီးရေးရာမှ စုပေါင်းသန့်ရှင်းရေးပြုလုပ်

 

ဘုလလင် စက်တင်ဘာ ၁ဝ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဘုတလင် မြို့နယ် အမျိုးသမီး ရေးရာ ကော်မတီမှ ဦးဆောင်၍ သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ဝါဆိုသင်္ကန်းကပ်ခြင်းကို ထန်း တောရွာ တာဝတိံသာကျောင်း တိုက်၌ယမန်နေနံနက်ပိုင်းတွင်ကျင်းပ ခဲ့သည်။

ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆို မုံရွာမြို့နယ်ပါတီမှ နေ့ဆွမ်းဆက်ကပ် အာဟာရဒါ

 

မုံရွာ စက်တင်ဘာ ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင် ပြည်ခိုင်ဖြိုးပါတီ၏ အမျိုး သမီးရေးရာအဖွဲ့မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ(၂ဝ၁၈) အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့တွင် မုံရွာမြို့ နန္ဒဝန်အမှတ် (၆)ရပ်ကွက် တနယ်ပေါက်တော ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသားကျောင်းသူ ၉ဝကျော်အား အာဟာရတိုက်ကျွေးခြင်းနှင့် ရဟန်းသံဃာတော် အရှင်သူမြတ် ၂၆ ပါး တို့အား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် ဝတ္ထုငွေ ထောက်ပံ့လှူဒါန်းခြင်းတို့ပြုလုပ်ခဲ့ကြသည်။

ကောလင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေးပွဲကျင်းပ

 

ကောလင်း စက်တင်ဘာ ၁ဝ

စစ်ကိုင်းတိုင်းဒေသကြီး ကော လင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှေ့လုပ်ငန်း စဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို မြို့ နယ်ပြည်ခိုင်ဖြိုးပါတီအစည်းအဝေး ခန်းမ၌ ယမန်နေ့မွန်းတည့် ၁၂ နာရီ က ကျင်းပခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပ ဗဟိုအလုပ်အမှုဆောင် တက်ရောက်

 

ချောင်းဦး စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင် ချောင်းဦးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်း ဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ငါးယှန်ကျေးရွာ အုပ်စု၊ ငါးယှန်ကျေးရွာ ဦးဇော်မင်း နေအိမ်၌ ကျင်းပခဲ့ရာ ပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း တက်ရောက်အားပေး ချီးမြှင့်ခဲ့ သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

တမူး စက်တင်ဘာ ၉

တမူးခရိုင် တမူးမြို့နယ် အလှော်ကျေးရွာနှင့်အင်ဒိုင်းကျေးရွာ များသို့ တမူးပြည်ခိုင်ဖြိုးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် အတူ ယမန်နေ့က မဲဆန္ဒရှင် ပြည်သူများနှင့် သွားတွေ့ဆုံခဲ့ကြ သည်။

လွှတ်တော်ကိုယ်စားလှယ် လောင်း ဦရိုထန်းပွီးယာက မိတ် ဆက်စကားပြောကြားခြင်း၊ ခရိုင် ပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေက ယှဉ်ပြိုင်ကြမည့်ပါတီနှင့် ကိုယ်စား လှယ်လောင်းများ မဲပေးနည်းစနစ်၊ ပြည်သူ့ကိုယ်စား အမှန်တကယ် အလုပ်လုပ်မည့်ပါတီနှင့် ကိုယ်စား လှယ်လောင်းကို မှန်မှန်ရွေးချယ် ကြဖို့ အကျယ်တဝင့်ရှင်းလင်းပြော ကြားခဲ့ကြောင်း သိရသည်။

ထီးချိုင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

 

ထီးချိုင့် စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်စိုက်ထူပွဲများကို ယမန်နေ့နံနက်ပိုင်းက ထီးချိုင့်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပါတီဆိုင်းဘုတ်များ စိုက်ထူရာတွင် ကသာခရိုင် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ထီးချိုင့်မြို့နယ် တာဝန်ခံ ဦးစိုးစိုး၊ မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိန်ကြိုင်နှင့်ကော်မတီဝင်များလိုက်ပါလျက် ယနေ့နံနက် ၈နာရီက အမှတ်(၄)ရပ်ကွက် ဦးတင်ထွန်းနေအိမ်တွင် ပါတီဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍စိုက်ထူကာ နိုင်ငံတော်အလံအား အလေးပြုကြပြီး နိုင်ငံတော်သီချင်းကို သံပြိုင် သီဆိုခဲ့ကြသည်။