ထီးချိုင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပ

 

ထီးချိုင့် စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်စိုက်ထူပွဲများကို ယမန်နေ့နံနက်ပိုင်းက ထီးချိုင့်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပါတီဆိုင်းဘုတ်များ စိုက်ထူရာတွင် ကသာခရိုင် ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ထီးချိုင့်မြို့နယ် တာဝန်ခံ ဦးစိုးစိုး၊ မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိန်ကြိုင်နှင့်ကော်မတီဝင်များလိုက်ပါလျက် ယနေ့နံနက် ၈နာရီက အမှတ်(၄)ရပ်ကွက် ဦးတင်ထွန်းနေအိမ်တွင် ပါတီဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍စိုက်ထူကာ နိုင်ငံတော်အလံအား အလေးပြုကြပြီး နိုင်ငံတော်သီချင်းကို သံပြိုင် သီဆိုခဲ့ကြသည်။

အလားတူပင်အဆိုပါအဖွဲ့သည် ဆက်လက်၍ အမှတ်(၃) ရပ်ကွက်ရှိ ဦးသက်ဇော်ထွန်း၏နေအိမ်တွင် လည်းကောင်း၊ အမှတ် (၂)ရပ်ကွက်ရှိ ဦးမြင့်ငွေ၏နေအိမ်တွင် လည်းကောင်း၊အမှတ်(၁) ရပ်ကွက်ရှိ ပါတီအခြေစိုက်ရုံးများတွင်လည်းကောင်း ပါတီ ဆိုင်းဘုတ်များကို အောင်မြင်စွာစိုက်ထူပေးခဲ့ကြောင်း သိရသည်။

ထီးချိုင့်မြို့နယ်တွင် ကျေးရွာအုပ်စု ၃၃ အုပ်စုရှိရာ ယနေ့ စိုက်ထူသည့် အုပ်စုလေးခုအပါအဝင် ရှစ်အုပ်စုတွင် ပါတီဆိုင်း ဘုတ်များစိုက်ထူပြီးကြောင်းနှင့် ကျန်ရှိနေသည့် ကျေးရွာအုပ်စုများ ကိုလည်း ဆက်လက်စိုက်ထူသွားမည်ဖြစ်ကြောင်း ပါတီရုံးမှ တာဝန်ရှိသူတစ်ဦး၏ပြောစကားအရ သိရသည်။

အခမ်းအနားသို့ ကသာခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ထီးချိုင့်မြို့နယ်တာဝန်ခံ ဦးစိုးစိုး၊ ထီးချိုင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးစိန်ကြိုင်နှင့် ကော်မတီများ၊ ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်ကွက်အတွင်းရှိပါတီဝင်များ စုစုပေါင်း အင်အား ၇ဝကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇွဲမာန်(ထီးချိုင့်)