ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ကျေးရွာများသို့ ကွင်းဆင်းတွေ့ဆုံ

 

တမူး စက်တင်ဘာ ၁၂

တမူးပြည်ခိုင်ဖြိုးပါတီမှခရိုင် ပါတီဥက္ကဋ္ဌဦးခင်မောင်ရွှေနှင့် ကိုယ်စားလှယ်လောင်း ဦးရိုထန်း ပွီးယာတို့ဦးဆောင်သောအဖွဲ့သည် ယမန်နေ့က ခမိတ်ကျေးရွာ နန်မွန်းတားကျေးရွာနှင့် ရန်ငြိန်း အောင် ကျေးရွာများသို့ ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေး နယ် မြေကွင်းဆင်းစည်းရုံးရေးဆင်းခဲ့ ကြသည်။

ကိုယ်စားလှယ်လောင်းမိတ် ဆက်ခြင်း၊ ယှဉ်ပြိုင်ကြမည့်ပါတီ များ၊ မဲပေးနည်းစနစ်၊ မိမိပါတီ၏ မူဝါဒ၊ လုပ်ငန်းစဉ်၊ လက်ရှိဖြစ် နေသည့် အခြေအနေများကို ရှင်း လင်းကြသည်။ တက်ရောက်လာ သူများ၏ပြန်လည် မေးမြန်းဆွေး နွေးချက်များကို တာဝန်ရှိသူများ က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ကိုကိုရွှေ(တမူး)