လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

တမူး စက်တင်ဘာ ၉

တမူးခရိုင် တမူးမြို့နယ် အလှော်ကျေးရွာနှင့်အင်ဒိုင်းကျေးရွာ များသို့ တမူးပြည်ခိုင်ဖြိုးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် အတူ ယမန်နေ့က မဲဆန္ဒရှင် ပြည်သူများနှင့် သွားတွေ့ဆုံခဲ့ကြ သည်။

လွှတ်တော်ကိုယ်စားလှယ် လောင်း ဦရိုထန်းပွီးယာက မိတ် ဆက်စကားပြောကြားခြင်း၊ ခရိုင် ပါတီဥက္ကဋ္ဌ ဦးခင်မောင်ရွှေက ယှဉ်ပြိုင်ကြမည့်ပါတီနှင့် ကိုယ်စား လှယ်လောင်းများ မဲပေးနည်းစနစ်၊ ပြည်သူ့ကိုယ်စား အမှန်တကယ် အလုပ်လုပ်မည့်ပါတီနှင့် ကိုယ်စား လှယ်လောင်းကို မှန်မှန်ရွေးချယ် ကြဖို့ အကျယ်တဝင့်ရှင်းလင်းပြော ကြားခဲ့ကြောင်း သိရသည်။

ကိုကိုရွှေ(တမူး)