အမရပူရမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ ရပ်​/​ကျေးဆိုင်းဘုတ်​တင်​ပွဲများကျင်းပ

 

ဧပြီလ ၃

(၃.၄.၂၀၁၉)ရက်​​နေ့ နံနက်​(၉)နာရီအချိန်​တွင်​ ဟင်္သာ​ကျေးရွာအုပ်​စု ပါတီဥက္ကဋ္ဌ ဦးယဉ်​​ထွေး၏​နေအိမ်​၌လည်း​ကောင်း၊ (၁၀)နာရီအချိန်​၌ ​ပန်းချီ​ကျေးရွာအုပ်​စုပါတီအမာခံ ဦးရဲမြင့်​​အောင်​၏​နေအိမ်​၌လည်း​ကောင်း ​ကျေးရွာပါတီဆိုင်​ဘုတ်​တင်​ပွဲအခမ်းအနားများကျင်းပပြုလုပ်​ခဲ့ပါသည်​။ အဆိုပါ ရပ်​/​ကျေးပါတီဆိုင်းဘုတ်​တင်​ပွဲအခမ်းအနားများသို့ မန္တ​လေးတိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​(မန္တ​လေးခရိုင်​နယ်​​မြေတာဝန်​ခံ)ဦးမျိုးမြင့်​၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​(အမျိုးသမီး​ရေးရာတာဝန်​ခံ)​ဒေါ်လှလှ​အေး၊ မန္တ​လေးခရိုင်​ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ အမရပူရမြို့နယ်​ပါတီအတွင်း​ရေးမှူး ​ဒေါ်​စောမြိုင်​၊ မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​/​ကျေးအဖွဲ့များ၊ ပါတီအမာခံများတက်​​ရောက်​ခဲ့ကြပါသည်။