ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ဆက်ဆံရေးသင်တန်းပို့ချ

 

လွိုင်ကော် စက်တင်ဘာ ၉

ကယားပြည်နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးစီး ၍ ပြည်သူ့ဆက်ဆံရေးသင်တန်း ကို ယမန်နေ့နံနက် ၁၁ နာရီက လွိုင်ကော်မြို့နယ်နွားလဝိုးကျေးရွာ အုပ်စု လယ်ထွဲကျေးရွာ အမှတ်-၁၄၃ နွားလဝိုးကျေးရွာအုပ်စု ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ယား နေအိမ်တွင် ဖွင့်လှစ်ပို့ချခဲ့သည်။

ပထမဦးစွာ ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့်က အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ပြီး ပြည်နယ်ကော် မတီဝင် လွိုင်ကော်မြို့နယ်တာဝန်ခံ ဦးတင်ဦးနှင့် လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ရွှေ တို့က အသီးသီး ဆွေးနွေးသည်။

ထို့နောက် နွားလဝိုးကျေးရွာ အုပ်စုအတွင်းရှိ ပြည်သူ့ဆက်ဆံ ရေးများကိုစိတ်ဝင်စားသူ လူငယ် မောင်မယ်များအားပြည်သူ့ဆက်ဆံ ရေးအကြောင်း၊ လက်ရှိ မြန်မာ နိုင်ငံဖြစ်စဉ်များအကြောင်းအား ပရို ဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးပြီး နည်းစနစ်များကို ပြည်သူ့ဆက်ဆံ ရေးတာဝန်ခံ ဒေါ်ဗျားမြာမောင်နှင့် ဒေါ်မော်မော်ခိုင်တို့က သင်တန်းသားသင်တန်းသူများကို ပါတီ၏ ပြည်သူ့ဆက်ဆံရေးရာ များကို အသေးစိတ်အပြန်အလှန် လက်တွေ့သင်ကြားဆွေးနွေးပို့ချခဲ့ ကြောင်း သိရသည်။

ယင်းသင်တန်းသို့ကယားပြည် နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ် ယာယီအတွင်းရေးမှူးဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင် လွိုင်ကော် မြို့နယ်တာဝန်ခံဦးတင်ဦး၊ပြည်နယ် ကော်မတီဝင် ပြည်သူ့ဆက်ဆံရေး တာဝန်ခံများဖြစ်ကြသည့် ဒေါ်ဗျား မြာမောင်နှင့် ဒေါ်မော်မော်ခိုင်၊ လွိုင်ကော်ခရိုင် ကော်မတီဝင်ဦးစူး ရယ်၊ လွိုင်ကော်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးမောင်ရွှေ၊ အတွင်းရေးမှူး ဦးကူးရယ်၊ မြို့နယ် ကော်မတီဝင်များ ဖြစ်ကြသည့် ဒေါ်နှင်းနှင်းရီနှင့်ဒေါ်ခင်သန္တာထွန်း၊ ကယားပြည်နယ် လူငယ်ရေးရာ လှုပ်ရှားမှု ဒုတာဝန်ခံမောင်အောင် ကျော်မြင့်၊ နွားလဝိုးကျေးရွာအုပ်စု အတွင်းရှိ လယ်ထွဲရွာ၊ ထီရိရွာ၊ ကုန်းဆွတ်ရွာ၊ ကျောက်ကြီးရွာ၊ ပဒါးညေးရွာနှင့် ဒေါပေါ်ကလဲ ကျေးရွာအုပ်စုများရှိ ဘုရားနီရွာမှ ပြည်သူ့ဆက်ဆံရေးရာများကို စိတ် ဝင်စားသူလူငယ်မောင်မယ် စုစု ပေါင်းသင်တန်းသား ၆ဝ တက် ရောက်ခဲ့ကြောင်း သိရသည်။