ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကျင်းပ ဗဟိုအလုပ်အမှုဆောင် တက်ရောက်

 

ချောင်းဦး စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင် ချောင်းဦးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်း ဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ငါးယှန်ကျေးရွာ အုပ်စု၊ ငါးယှန်ကျေးရွာ ဦးဇော်မင်း နေအိမ်၌ ကျင်းပခဲ့ရာ ပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း တက်ရောက်အားပေး ချီးမြှင့်ခဲ့ သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဆိုင်းဘုတ်အား ပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက အမွှေးနံ့သာရည်ပက်ဖျန်းပြီး အမှတ် တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြ သည်။
တွေ့ဆုံပွဲတွင်ပါတီဗဟိုအလုပ် အမှုဆောင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းက ယနေ့လတ်တလောဖြစ်ပျက်လျက် ရှိသည့် နိုင်ငံရေးအခြေအနေများ၊ နိုင်ငံတကာဖိအားပေးနေမှုများ၊ရခိုင် အရေးကိစ္စများ စသည့်အကြောင်း အရာများ ပြောကြားခဲ့သည်။

ဆိုင်းဘုတ်တင်ပွဲအခမ်းအနားသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့်အတူ မြို့နယ်ပါတီ ဥက္ကဋ္ဌဦးသောင်းထိုက်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမျိုးမြင့်ဦး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ငါးယှန်ကျေးရွာပါတီဥက္ကဋ္ဌ ဦးဇော်မင်း နှင့်ကျေးရွာရပ်မိရပ်ဖများ၊ ငါးယှန်ကျေးရွာအုပ်စုအတွင်းရှိ ပါတီဝင် များနှင့်ပြည်သူများ စုစုပေါင်း ၁ဝဝ ကျော်တက်ရောက်သည်။