ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏ (၂၃)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ (၂၃)ကြိမ်မြောက် သွေး လှူဒါန်းပွဲကို ဇွန်လ (၄) ရက် နံနက် (၉) နာရီက ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးလှူဌာန၌ ကျင်းပခဲ့ရာ သွေးလှူဒါန်းပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်း တက်ရောက် အမှာစကား ပြောကြားပြီး ကျန်းမာ ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ရန်ကုန်အမျိုးသားသွေး ဌာနတာဝန်ခံဆရာဝန်ကြီး ဒေါက်တာ ဒေါ်သီတာအောင်က သွေးလှူဒါန်းသည့် ပြည်ခိုင်ဖြိုးပါတီဝင်များအား ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့သည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုကော်မတီဝင်ဒေါ်စန်းစန်း နွယ်၊ ရန်ကုန်တိုင်းဒေသကြီး သွေး လှူဒါန်းမှုတာဝန်ခံ ဦးတင်လှိုင်၊ ရန်ကုန်တောင်ပိုင်းခရိုင်တွဲဖက် အတွင်းရေးမှူး ဦးသန်းဌေးနှင့် ကော်မတီဝင်များ၊ တောင်ပိုင်းခရိုင်အတွင်းရှိ မြို့နယ်ငါးမြို့နယ်မှ အတွင်းရေး မှူးများနှင့်ပါတီဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

လ၏ပထမဆုံးကျရောက်သည့် စနေနေ့တိုင်းရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီဝင်များ သွေးလှူ ဒါန်းလျက်ရှိရာ ယခုလ၏ ပထမ ဆုံးကျရောက်သည့် (စနေနေ့) ဇွန်လ (၄) ရက်နေ့ တွင် ရန်ကုန်တောင်ပိုင်းခရိုင်မှ ပါတီဝင် (၁၆၂) ဦးတို့ စုပေါင်း သွေးလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

မြင့်ဦး


Leave a Reply