ချောင်းဦးမြို့နယ် ဆူးလေကုန်းရွာအုပ်စုတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ချောင်းဦး သြဂုတ် ၂၃

မုံရွာခရိုင် ချောင်းဦးမြို့နယ် ဆူးလေကုန်း ကျေးရွာအုပ်စု ဆူးလေကုန်းရွာ၌ ယမန်နေ့ နံနက် ၁ဝ နာရီကပြုလုပ်သည့် ပြည်ခိုင် ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲသို့ မုံရွာ ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးအောင် တိုး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမျိုးမြင့်ဦးနှင့် မြို့နယ်ပါတီကော် မတီဝင်ဒေါ်ချောစုမြတ်(အမျိုးသမီး ရေးရာတာဝန်ခံ)နှင့် ပါတီကော်မ တီဝင်များ၊ ဆူးလေကုန်းကျေးရွာ အုပ်စုအတွင်းရှိ ပါတီဝင်များနှင့် ပြည်သူများ စုစုပေါင်း ၅ဝ ကျော် တက်ရောက်ခဲ့ကြပြီး ပါတီဆိုင်း ဘုတ်ကို အမွှေးနံ့သာများပက်ဖျန်း ကာ စိုက်ထူခဲ့ကြသည်။

ဆက်လက်ပြီး ပါတီဝင်များ နှင့်တွေ့ဆုံ၍ ယနေ့ နိုင်ငံရေးအခြေ အနေများကို မြို့နယ်ပါတီအတွင်း ရေးမှူး ဦးမျိုးမြင့်ဦးနှင့် မြို့နယ်ပါ တီကော်မတီဝင် ဦးမောင်မောင်မြင့် တို့ကရှင်းလင်းပြီးတက်ရောက်လာ သူများက မိမိတို့ကျေးရွာ ယခင် အခြေအနေများ၊ ယခုအခြေအနေ များကိုဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။