စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ဖွင့်လှစ်

ဝက်လက်၊ သြဂုတ် ၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးကျင်းပသော ဗန်းမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ၌ ယမန်နေ့နံနက် ၈ နာရီခွဲတွင် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၄/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားကို နိုင်ငံတော်အလံအလေးပြုခြင်း၊ နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ခြင်း၊ ကသာခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်ကော်မတီဝင် (ကသာခရိုင်တာဝန်ခံ) ဦးအောင်ကိုစံက နိဂုံးချုပ် အမှာစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်ကော်မတီဝင် (ကသာခရိုင်တာဝန်ခံ) ဦးအောင်ကိုစံ၊ ကသာခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ဗန်းမောက် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲအောင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌများနှင့် သင်တန်းသားသင်တန်းသူများ စုစုပေါင်းအင်အား ၈ဝ တက်ရောက်ခဲ့ကြသည်။

စိမ်းနိုင်(ဝက်လက်)