ယူအီးအက်ဖ်အေကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းတွင် စီရော်နယ်ဒိုရဲ့ဂိုးပါဝင်

ပြီးခဲ့တဲ့ရာသီ ယူအီးအက်ဖ်အေရဲ့ အကောင်းဆုံး သွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းကို ထုတ်ပြန်လိုက်ရာ အဲဒီထဲမှာ စီရော်နယ်ဒိုရဲ့သွင်းဂိုးလည်း ပါဝင်နေပါတယ်။

အဲဒီပေါ်တူဂီကြယ်ပွင့်ဟာ သူ့ရဲ့အသင်းသစ်ဖြစ်လာတဲ့ ဂျူဗင်တပ်နဲ့ ဆုံတွေ့ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ ရီးရဲလ်အတွက် နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး အဲဒါက မဲပေးရွေးချယ်ရမယ့် ဆန်ခါတင် ၁၁ ဂိုး ထဲမှာ ပါလာခဲ့တာပါ။

၂၀၂၁ ခုနှစ်အထိ စပယ်လက်တီ ကို စာချုပ်သစ်ထပ်ချုပ်ခဲ့တဲ့ အင်တာမီလန်

အင်တာမီလန်အသင်းဟာ နည်းပြ စပယ်လက်တီကို ၂၀၂၁ ခုနှစ်အထိရှိမယ့် ၃ နှစ်စာချုပ် နဲ့ သက်တမ်း တိုးခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက အင်တာမီလန်မှာ စပယ်လက်တီရဲ့လက်အောက်မှာ အကောင်းဆုံး ပုံစံရခဲ့ပြီး ရာသီနောက်ဆုံးပွဲစဉ်မှာ လာဇီယိုကို အနိုင်ရပြီးချန်ပီယံလိဂ်ကစားခွင့်ကို ရရှိခဲ့ပါတယ်။

ရာသီအသစ်၊ ကားအသစ်နဲ့ မန်ယူတိုက်စစ်မှူး လူကာကူ

အင်္ဂါနေ့က မန်ယူအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ကစားသမားတွေရောက်လာခဲ့ကြရာမှာ တိုက်စစ်မှူး လူကာကူကတော့ သူ့ရဲ့ မာစီဒီးကားအသစ်ကို ပထမဆုံးအကြိမ်ပွဲထုတ်ခဲ့ပါတယ်။

လက်စတာကို 2-1 နဲ့အနိုင်ယူကာ ဘောလုံးရာသီသစ် စတင်ခဲ့ပြီးဖြစ်လို့ လူကာကူကလည်း ရာသီသစ်မှာ စိတ်သစ်၊ လူသစ်နဲ့ တိုက်ပွဲဝင်ဖို့အတွက် ကားအသစ်ပါပြောင်းလဲလိုက်ပုံရပါတယ်။

အာရှအားကစားပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းပွဲများကို My Sports မှ တိုက်ရိုက်လွှင့်မည်

အာရှအားကစားပြိုင်ပွဲမတိုင်မီ ထိုင်းနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာယူ-၂၃ဘောလုံးအသင်း (ဓာတ်ပုံ − MFF)

 

အာရှအားကစားပြိုင်ပွဲဝင် မြန်မာအမျိုးသားယူ-၂၃ ဘောလုံးအသင်း ယှဉ်ပြိုင်မည့် ပွဲစဉ်များကို မြန်မာလိဂ်နှင့် သဘောတူညီမှုရရှိထားသည့် My Sport ဖေ့စ်ဘွတ်ခ်စာမျက်နှာက တိုက်ရိုက် ထုတ်လွှင့်မည် ဖြစ်သည်။

ပရီးမီးယားလိဂ်တွင် ပထမဆုံး ကစားခွင့်ရသည့် ဖိလစ်ပိုင်ကစားသမား နေးလ်အီတာရစ်

ဖိလစ်ပိုင်လက်ရွေးစင်ဂိုးသမား နေးလ်အီတာရစ်ဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံး ကစားခွင့်ရတဲ့ ဖိလစ်ပိုင် ကစားသမား ဖြစ်လာပါတယ်။ ဂိုးသမား နေးလ်အီတာရစ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် တန်းတက်အသင်း ကာဒစ်စီးတီးမှာ ကစားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ စနေနေ့က ဘုန်းမောက်အသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခဲ့ပါတယ်။

တောင်အာရှ (၈)နိုင်ငံမှာ Facebook မှ တိုက်ရိုက်ထုတ်လွှင့်မယ့် လာလီဂါပွဲစဉ်များကို အခမဲ့ကြည့်ရှုနိုင်တော့မည်

လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Facebook ဟာ တောင်အာရှ (၈) နိုင်ငံမှာ စပိန်လာလီဂါပွဲစဉ်များကို လာမယ့် (၃)ရာသီကျော်အထိ တိုက်ရိုက်ထုတ်လွှင့်ပိုင်ခွင့် ရရှိခဲ့ပြီး ဒီနိုင်ငံတွေမှာရှိတဲ့ လူမှုကွန်ရက်အသုံးပြုသူများ အနေနဲ့ လာလီဂါပွဲစဉ်များကို အခမဲ့ ကြည့်ရှုနိုင်တော့မှာဖြစ်တယ်လို့ လာလီဂါလိဂ်က တနင်္လာနေ့နှောင်းပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဂျာမန်စူပါဖလား ရယူခဲ့တဲ့ ဘိုင်ယန်မြူးနစ်

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန်စူပါဖလားပြိုင်ပွဲမှာတော့ ဘိုင်ယန်မြူနစ်ဟာ တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ ဟက်ထရစ်နဲ့အတူ ဖရန့်ဖတ်ကို ၅ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ဘိုင်ယန်အတွက် နောက်ထပ် ဂိုးတွေကိုတော့ ကွင်းလယ်လူ တွေဖြစ်တဲ့ ကိုးမန်းနဲ့ အယ်ကန်တာရာ တို့က သွင်းယူပေးခဲ့ပါတယ်။
ဘိုင်ယန်ဟာ ပြီးခဲ့တဲ့ ရာသီပိုကယ်ဖလားဗိုလ်လုပွဲမှာ ဖရန့်ဖတ်ကို ၃-၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ ရှုံကြွေးကို ပြန်ဆပ်နိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။ အသင်းအတွက် ခြေစွမ်းပြပြီး ဟက်ထရစ်သွင်းခဲ့တဲ့ လီဝန်ဒေါစကီး ဟာ နွေရာသီ အပြောင်းအရွေ့မှာ အသင်းပြောင်းရွေ့ဖို့ သတင်းတွေထွက်နေသူလည်း ဖြစ်ပါတယ်။

ဘာစီလိုနာသမိုင်းတစ်လျောက် အအောင်မြင်ဆုံးကစားသမား မက်ဆီဖြစ်လာ

ဆီဗီလာကို အနိုင်ရခဲ့တဲ့ စပိန်စူပါဖလားပြိုင်ပွဲပြီးနောက် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဟာ အသင်း သမိုင်းတစ်လျောက် အအောင်မြင်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ စပိန်စူပါဖလားပြိုင်ပွဲကို ပထမဆုံး အကြိမ် ပြည်ပမှာ ကျင်းပခဲ့ပြီး တူနီးရှားမှာ ကျင်းပခဲ့တာပါ။ မက်ဆီကလည်း အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲပြီး ကတည်းက ဘာစီလိုနာအတွက် ပထမဆုံးဝင် ရောက်ကစားခဲ့တာပဲဖြစ်ပါတယ်။

မာဆယ်လိုနဲ့ ဂျူဗင်တပ်မှာပြန်ဆုံချင်နေတဲ့ စီရော်နယ်ဒို

ရီးရဲလ်မက်ဒရစ်အသင်းကစားဖော်ဟောင်း မာဆယ်လိုကို ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့လာဖို့အတွက် တိုက်စစ်မှူး စီရော်နယ်ဒိုက စည်းရုံးနေကြောင်း အီတလီသတင်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။

အသက် ၃၀ နှစ် အရွယ် ဘယ်နောက်ခံလူ မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ်ကို ၂၀၀၇ ခုနှစ်ကတည်းက ဘရာဇီးကလပ် ဖလူမင်နိစ်ကနေ ရောက်ရှိနေခဲ့တာဖြစ်ပြီး အဓိကအကျဆုံး ကစားသမားတွေထဲမှာလည်း တစ်ဦးအပါအ၀င် ဖြစ်ခဲ့တာပါ။ ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်ရယူနိုင်ခဲ့ရာမှာ ဘယ်တောင်ပံက မာဆယ်လိုရဲ့ စွမ်းဆောင်ရည်ကလည်း အများကြီးအရေးပါခဲ့ပြီး ရီးရဲလ်ဘယ်ခြမ်းမှာ စီရော်နယ်ဒိုနဲ့ အတွဲညီဆုံး ကစားနိုင်သူအဖြစ်လည်း သတ်မှတ်ခံခဲ့ရတာပါ။

မီတာ ၁၀၀ ပြေးပွဲတွင် ဗြိတိန်အပြေးမယ် စံချိန်သစ်တင်ပြီး ချန်ပီယံဆု ရရှိ

ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကျင်းပနေတဲ့ ဥရောပချန်ပီယံရှစ် မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ ဗြိတိန်အပြေးမယ် အက်ရှာစမစ်က စံချိန်သစ်တင်ပြီး ချန်ပီယံဆုရသွားပါတယ်။

အက်ရှာစမစ်ဟာ ဗြိတိန်စံချိန်အဖြစ် မီတာ ၁၀၀ ကို ၁၀.၉၂ စက္ကန့်နဲ့ စံချိန်တင်ထားတာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ၁၀.၈၅ စက္ကန့်နဲ့ စံချိန်သစ်တင်နိုင်ခဲ့တာပါ။