ဂျာမန်စူပါဖလား ရယူခဲ့တဲ့ ဘိုင်ယန်မြူးနစ်

တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန်စူပါဖလားပြိုင်ပွဲမှာတော့ ဘိုင်ယန်မြူနစ်ဟာ တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ ဟက်ထရစ်နဲ့အတူ ဖရန့်ဖတ်ကို ၅ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

ဘိုင်ယန်အတွက် နောက်ထပ် ဂိုးတွေကိုတော့ ကွင်းလယ်လူ တွေဖြစ်တဲ့ ကိုးမန်းနဲ့ အယ်ကန်တာရာ တို့က သွင်းယူပေးခဲ့ပါတယ်။
ဘိုင်ယန်ဟာ ပြီးခဲ့တဲ့ ရာသီပိုကယ်ဖလားဗိုလ်လုပွဲမှာ ဖရန့်ဖတ်ကို ၃-၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ ရှုံကြွေးကို ပြန်ဆပ်နိုင်ခဲ့ တာလည်း ဖြစ်ပါတယ်။ အသင်းအတွက် ခြေစွမ်းပြပြီး ဟက်ထရစ်သွင်းခဲ့တဲ့ လီဝန်ဒေါစကီး ဟာ နွေရာသီ အပြောင်းအရွေ့မှာ အသင်းပြောင်းရွေ့ဖို့ သတင်းတွေထွက်နေသူလည်း ဖြစ်ပါတယ်။

ဘိုင်ယန်နည်းပြ ကိုဗက်ကတော့ “သူ (လီဝန်ဒေါစကီး)ကို ဘယ်နည်းနဲ့မှ အသင်းကနေ ထွက်ခွင့်ပေးမှာ မဟုတ်ဘူး” လို့ ပြောခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ရာသီအဖွင့်ပွဲစဉ်အဖြစ် သြဂုတ်လ ၂၄ ရက်နေ့မှာ ဟော့ဖန်ဟိမ်းနဲ့ ကစားရမှာ ဖြစ်ပြီး ဒီပွဲမတိုင်ခင် ဒရော့ခ်ျတာဆန်အသင်းနဲ့ ပိုကယ်ဖလားပြိုင်ပွဲ ပထမအဆင့် ကစားရဦးမှာ ဖြစ်ပါတယ်။

 -Ref: Sky sports