ဂျာမန်အိုးပန်းတင်းနစ်ပြိုင်ပွဲတွင် ဘာစီလပ်ရှ်ဗီလီ အနိုင်ရဗိုလ်စွဲ

မနေ့က ယှဉ်ပြိုင်သွားတဲ့ ဂျာမန်အိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဂျော်ဂျီယာက နီကိုလပ် ဘာစီလပ်ရှ်ဗီလီက လီယိုနာဒို မေယာကို အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားပါတယ်။ ဂျော်ဂျီယာနိုင်ငံသား ဘာစီလပ်ရှ်ဗီလီဟာ ကမ္ဘာ့အဆင့် ၈၁ ဖြစ်ပါတယ်။

ချဲလ်ဆီးကစားသမား(၂)ဦးကို ပေါင်းသန်း(၁၀၀)နဲ့ ကမ်းလှမ်းမယ့် ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ ၀ီလျံကိုအလိုရှိတဲ့ အသင်းတွေထဲမှာ ပါဝင်လာပြီး ၀ီလျံနဲ့ ဂိုးသမား ကော်တွိုက်စ်တို့ နှစ်ဦးအတွက် ပေါင်သန်း ၁၀၀ နဲ့ဈေးဖွင့်ပြီး ကမ်းလှမ်းလိုက်တယ်လို့ စပိန်မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ကော်တွိုက်စ်ရဲ့ကလေးတွေဟာ စပိန်မှာဘဲနေ နေတဲ့အတွက် သူကလည်း စပိန်ကို ပြန်သွားလိုတဲ့ ဆန္ဒ ရှိနေတာပါ။ ဒါကြောင့်လည်း စာချုပ်သက်တမ်းတိုးဖို့ ကလပ်ဘက်က ကမ်းလှမ်းတာကို လက်မခံသေးတာ ဖြစ်ပါတယ်။ သူဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းတစ်နှစ် ကျန်ပါသေးတယ်။

အုပ်စုဗိုလ်ရရှိဖို့ အင်ဒိုကို မဖြစ်မနေ အနိုင်ကစားရမယ့် မြန်မာ

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံ ယူ-၁၆ အမျိုးသား ချန်ပီယံရှစ်ပြိုင်ပွဲကတော့ မနေ့က အုပ်စု(က)ရဲ့ အဖွင့်ပွဲများ ကစားခဲ့ပါတယ်။

အဖွင့်ပွဲတွေအပြီးမှာတော့ မြန်မာက တီမောကို ၃-၂ ဂိုးနဲ့လည်းကောင်း၊အိမ်ရှင်အင်ဒိုနီးရှားက ဖိလစ်ပိုင်ကို ၈-၀ ဂိုးနဲ့လည်းကောင်း၊ ဗီယက်နမ် က ကမ္ဘောဒီးယားကို ၁-၀ ဂိုးနဲ့လည်းကောင်း အသီးသီးအနိုင်ယူခဲ့ကြပါတယ်။

ဖီဖာ၏ အကောင်းဆုံး ကစားသမားဆု ဆန်ခါတင် စာရင်းတွင် မက်ဘီ၊ မိုဒရစ်နှင့် ဟာဇက်တို့ပါဝင်

ခရစ်တီယာနိုရော်နယ်ဒို နှင့် မက်ဆီတို့ လွှမ်းမိုးထားသော ဖီဖာအကောင်ဆုံး ကစားသမား ဆုကို စိန်ခေါ်မှုတွင် ကမ္ဘာ့ဖလား ကြယ်ပွင့်များဖြစ်သော ကိုင်လီ ယန်မက်ဘီနှင့် လူကာမိုဒရစ်တို့ က ဦးဆောင်မည်ဖြစ်သည်။

ဘယ်လ်ဂျီယံလူငယ်အသင်းနည်းပြကို မြန်မာအသင်း နည်းစနစ်ဒါရိုက်တာခန့်အပ်ရန်စီစဉ်

ဟာဇက်၊ လူကာကူ၊ ဒီဘရိုင်စသည့် နာမည်ကျော် ဘောလုံးကစားသမားများ မွေး ထုတ်ပေးခဲ့သည့် ဘယ်လ်ဂျီယံ လူငယ်အသင်းနည်းပြ အဲရစ်အပ်ရမ်ကို မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
အဆိုပါ သြစတြေးလျလူမျိုး အဲရစ်အပ်ရမ်ကို လာမည့် စက်တင်ဘာတွင် အနည်းဆုံး ၂ နှစ် စာချုပ်ဖြင့် ခန့်အပ်ရန် စီစဉ်ထား ကြောင်း၎င်းကပြောသည်။

အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာကိုင်တွယ်ခဲ့ခြင်းက အကြီးဆုံးအမှားပါလို့ ၀န်ခံလိုက်တဲ့ အာစင်ဝင်းဂါး

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက သူ့ဘ၀အတွက်အကြီးမားဆုံးအမှားက အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာ ကိုင်တွယ်ခြင်းသာဖြစ်တယ်လို အလွန်အံ့အားသင့်ဖွယ်ရာကောင်းစွာ ၀န်ခံသွားခဲ့ပါတယ်။

အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာကိုင်တွယ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၃ကြိမ်၊ အက်ဖ်အေဖလား ၇ကြိမ်နဲ့ အတူ ၂၀၀၃-၀၄ ရာသီမှာ ရှုံးပွဲမရှိချန်ပီယံအသင်းအဖြစ် အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ နောက်ပိုင်းရာသီတွေမှာ အောင်မြင်မှုနဲ့ အလှမ်းဝေးလာတဲ့ အခြေအနေတွေကြောင့် အသင်းဘုတ်အဖွဲ့ဝင်တွေရဲ့ ထောက်ခံမှု ကျဆင်းသွားခဲ့ပါတယ်။

အိုလံပစ် ခြေစစ်ပွဲမှာ အတွေ့အကြုံသာ ယူရအုံးမယ့် မြန်မာအမျိုးသမီးအသင်း

၂၀၂၀ အိုလံပစ် ခြေစစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲအတွက် အုပ်စုများမဲခွဲပွဲကို လာမယ့် သြဂုတ်လ ၂ ရက်နေ့ မနက် (၁၁း၀၀)နာရီမှာ ကျင်းပ သွားတော့မှာပါ။ မြန်မာအသင်းအနေနဲ့  AFC ရဲ့ ဆီဒင်အဆင့် သတ်မှတ်ချက်အရ ပထမအဆင့်မှာ  အသင်း ၁၉ သင်းနဲ့အတူ စတင်ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပြီး အဆိုပါ ပထမအဆင့်ခြေစစ်ပွဲကိုတော့ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၄ ရက်ကနေ ၁၃ ရက်နေ့အထိ ကစားသွားရမှာပါ။

ဂျူဗင်တပ်အသင်းနဲ့ တရားဝင်လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်တဲ့ စီရော်နယ်နယ်ဒို

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က စီရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းနဲ့ တရားဝင် လက်မှတ်ရေးထိုးခဲ့ပြီး ယခုဆိုရင် ဂျူဗင်တပ်တိုက်စစ်မှူးသစ် ဖြစ်လာခဲ့ပါပြီ။ ထို့နောက် အလိုင်းယန့်ဇ် ကွင်းကြီးမှာ ပရိသတ်တွေနဲ့ တစ်ခါတည်း မိတ်ဆက်သွားခဲ့ပါတယ်။

” ကျွန်တော့်ရဲ့ ခြေလှမ်း အသစ်အပေါ် အပြည့်အဝ အာရုံစိုက်သွားမှာပါ ။ အခုအချိန်မှာ ကျွန်တော်ဟာ အရမ်းတက်ကြွနေပြီး စိန်ခေါ်မှု အသစ်အပေါ် အာရုံစိုက်နေပါတယ် ” လို့ စီရော်နယ်ဒိုက ပြောပါတယ်။

ကမ္ဘာ့အရောင်းရဆုံး အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်သည့် BYD နှင့် စာချုပ်ချုပ်ခဲ့သည့် အာဆင်နယ်

အာဆင်နယ်သည် ပြီးခဲ့သည့် ဧပြီလတွင် ကမ္ဘာ့အရောင်းရဆုံး အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီနှင့် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီဟုဖော်ပြခဲ့ပြီး ၃ လအကြာမှာတော့ BYD ကုမ္ပဏီဖြစ်ကြောင်း ကြေငြာခဲ့ ခြင်းဖြစ်သည်။ BYD သည် ပြီးခဲ့သည့် ၃ နှစ်အတွင်း ကိုယ်ပိုင်ကားနှင့် ဘတ်စ်ကားများ ထုတ်လုပ်ဖြန်ချိခဲ့ပြီး တိုက်ကြီး ၅ တိုက်မှ အလုပ်သမား ဦးရေ ၂၂၀၀၀၀ ကျော်ကို လန်ဒန်မြို့သို့ ပို့ဆောင်ပေးခဲ့သည်။

အမေရိကန်ပြည်ဝင်ခွင့်မရခဲ့တဲ့ မန်ယူတိုက်စစ်မှူး ဆန်းချက်ဇ်

မန်ယူအသင်းကတော့ ရာသီကြိုခရီးစဉ်အတွက် အမေရိကန်နိုင်ငံကို ထွက်ခွာသွားခဲ့ပါပြီ။ ဒါပေမဲ့ ကမ္ဘာ့ဖလား မကစားရဘဲ အေးဆေးအနားယူပြီး ရာသီကြိုခရီးအတွက် အားခဲထားတဲ့ တိုက်စစ်မှူးဆန်းချက်ဇ်ကတော့ မပါဝင်နိုင်ခဲ့ပါဘူး။ အသက် 29 နှစ်အရွယ် ဆန်းချက်ဇ်အတွက် အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးဖို့ ငြင်းဆန်ခဲ့လို့ပါ။