ဂျာမန်အိုးပန်းတင်းနစ်ပြိုင်ပွဲတွင် ဘာစီလပ်ရှ်ဗီလီ အနိုင်ရဗိုလ်စွဲ

မနေ့က ယှဉ်ပြိုင်သွားတဲ့ ဂျာမန်အိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဂျော်ဂျီယာက နီကိုလပ် ဘာစီလပ်ရှ်ဗီလီက လီယိုနာဒို မေယာကို အနိုင်ရပြီး ချန်ပီယံ ဖြစ်သွားပါတယ်။ ဂျော်ဂျီယာနိုင်ငံသား ဘာစီလပ်ရှ်ဗီလီဟာ ကမ္ဘာ့အဆင့် ၈၁ ဖြစ်ပါတယ်။

ပထမပွဲကို အသက် ၂၆ နှစ်အရွယ် ဂျော်ဂျီယာနိုင်ငံသားက ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရပြီး ၆-၄ နဲ့ အနိုင်ယူခဲ့ပါတယ်။ ဒုတိယပွဲမှာတော့ အသက် ၃၁ နှစ်အရွယ် အာဂျင်တီးနားနိုင်ငံသား မေယာက လက်စွမ်းပြပြီး အမှတ်ဖြတ် ၆-၀ နဲ့ ပြန်လည်အနိုင်ရသွားပါတယ်။ နောက်ဆုံးပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ဘာစီလပ်ရှ်ဗီလီက ၇-၅ နဲ့ အနိုင်ရသွားတာပါ။ ဂျော်ဂျီယာနိုင်ငံသား ဘာစီလပ်ရှ်ဗီလီအတွက်တော့ ပထမဆုံးအကြိမ်အဖြစ် ဂျာမန်အိုးပန်း ချန်ပီယံဆုကို ဆွတ်ခူးနိုင်တာ ဖြစ်ပါတယ်။

DVB