ကမ္ဘာ့အရောင်းရဆုံး အီလက်ထရောနစ်ပစ္စည်းထုတ်လုပ်သည့် BYD နှင့် စာချုပ်ချုပ်ခဲ့သည့် အာဆင်နယ်

အာဆင်နယ်သည် ပြီးခဲ့သည့် ဧပြီလတွင် ကမ္ဘာ့အရောင်းရဆုံး အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီနှင့် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီဟုဖော်ပြခဲ့ပြီး ၃ လအကြာမှာတော့ BYD ကုမ္ပဏီဖြစ်ကြောင်း ကြေငြာခဲ့ ခြင်းဖြစ်သည်။ BYD သည် ပြီးခဲ့သည့် ၃ နှစ်အတွင်း ကိုယ်ပိုင်ကားနှင့် ဘတ်စ်ကားများ ထုတ်လုပ်ဖြန်ချိခဲ့ပြီး တိုက်ကြီး ၅ တိုက်မှ အလုပ်သမား ဦးရေ ၂၂၀၀၀၀ ကျော်ကို လန်ဒန်မြို့သို့ ပို့ဆောင်ပေးခဲ့သည်။

၂၀၁၇ ခုနှစ်တွင် အာဆင်နယ်သည် တရုတ်နိုင်ငံ ရှန်ဟိုင်းနှင့် ဘေဂျင်းမြို့များတွင် ရာသီကြို ခြေစမ်းပွဲများ ကစားခဲ့ခြင်း ကလည်း အကျိုးတူစီးပွားရေး သဘောတူစာချုပ်ချုပ်ဆိုဖြစ်သည့် အချက်ထဲတွင် တစ်ချက်အပါအဝင် ဖြစ်ခဲ့သည်။ အာဆင်နယ်အသင်းကလည်း သူတို့ရဲ့ဝက်ဆိုဒ်မှာ BYD ကို အကျိုးတူစီးပွားရေး လုပ်ငန်းသစ်အဖြစ် လက်ခံကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

90Minutes