အမေရိကန်ပြည်ဝင်ခွင့်မရခဲ့တဲ့ မန်ယူတိုက်စစ်မှူး ဆန်းချက်ဇ်

မန်ယူအသင်းကတော့ ရာသီကြိုခရီးစဉ်အတွက် အမေရိကန်နိုင်ငံကို ထွက်ခွာသွားခဲ့ပါပြီ။ ဒါပေမဲ့ ကမ္ဘာ့ဖလား မကစားရဘဲ အေးဆေးအနားယူပြီး ရာသီကြိုခရီးအတွက် အားခဲထားတဲ့ တိုက်စစ်မှူးဆန်းချက်ဇ်ကတော့ မပါဝင်နိုင်ခဲ့ပါဘူး။ အသက် 29 နှစ်အရွယ် ဆန်းချက်ဇ်အတွက် အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးဖို့ ငြင်းဆန်ခဲ့လို့ပါ။

ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက စပိန်နိုင်ငံမှာ ရုပ်သံမူပိုင်ခွင့်ဝင်ငွေကို ပေါင် 1 သန်း အခွန်တိမ်းရှောင်မှုအတွက် ဆိုင်းငံ့ထောင်ဒဏ် 16 လကျခံထားရတာကြောင့် အမေရိကန်ဗီဇာစည်းမျဉ်းအရ ပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရတာဖြစ်ပါတယ်။ မန်ယူအသင်းကလည်း တိုက်စစ်မှူးဆန်းချက်ဇ်ဟာ အမေရိကန် ခရီးစဉ်ကို လိုက်ပါနိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ မန်ယူအသင်းဟာ ဆန်းချက်ဇ်အတွက် အမေရိကန်ဗီဇာရဖို့ ဆက်လက်ကြိုးပမ်းနေဆဲဖြစ်ပြီး 15 ရက်ကြာခရီးစဉ်ကမပြန်ခင်မှာ အသင်းနဲ့ လာရောက် ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်ထားဆဲဖြစ်ကြောင်း သတင်းတွေကဖော်ပြခဲ့ပါတယ်။  

90Minutes