ဖီဖာ၏ အကောင်းဆုံး ကစားသမားဆု ဆန်ခါတင် စာရင်းတွင် မက်ဘီ၊ မိုဒရစ်နှင့် ဟာဇက်တို့ပါဝင်

ခရစ်တီယာနိုရော်နယ်ဒို နှင့် မက်ဆီတို့ လွှမ်းမိုးထားသော ဖီဖာအကောင်ဆုံး ကစားသမား ဆုကို စိန်ခေါ်မှုတွင် ကမ္ဘာ့ဖလား ကြယ်ပွင့်များဖြစ်သော ကိုင်လီ ယန်မက်ဘီနှင့် လူကာမိုဒရစ်တို့ က ဦးဆောင်မည်ဖြစ်သည်။

ဖီဖာက ကြေညာသောဆန် ခါတင် ၁၀ ဦးစာရင်းတွင် ကမ္ဘာ့ဖလား လူငယ်အကောင်းဆုံးဆုရ မက်ဘီနှင့် အကောင်းဆုံး ကစားသမားဆုရ မိုဒရစ်တို့နှင့်အတူ အကောင်းဆုံး ကစားသမားဆုငါး ကြိမ်စီ ရရှိထားသော မက်ဆီနှင့် ရော်နယ်တို့လည်း ပြန်လည်ပါဝင်လာသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က ပထမဆုံးအဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း မဲပေးမှုကို စတင် ဖွင့်လှစ်ခဲ့သည်။

ပြင်သစ်အသင်းမှ မက်ဘီအပြင် ဂရစ်ဇ်မန်းနှင့် နောက်တန်းလူ ရာဖေးဗာရာနီလည်း ပါဝင်သည်။ ဖီဖာ၏ ကျွမ်းကျင်သူများအဖွဲ့က ဘရာဇီးမှ နေမာကို မူရွေးချယ်ခြင်း မရှိပေ။

ကမ္ဘာ့ဖလားအကြိုဗိုလ်လုပွဲတွင် ပြင်သစ်ကိုရှုံးခဲ့သောဘယ်လ် ဂျီယံအသင်းမှ အီဒင်ဟာဇက်နှင့် ကီဗင်ဒီဘရိုင်တို့ ပါဝင်လာပြီး ဂိုး အများဆုံးသွင်းသူ ဟယ်ရီကိန်း နှင့် အီဂျစ်မှ လီဗာပူးကြယ်ပွင့် မိုဟာမက်ဆာလက်တို့လည်း ဖီဖာ၏ ဆန်ခါတင်စာရင်း၌ ပါဝင်သည်။

အကောင်းဆုံး ကစားသမား ဆုစာရင်းကို စက်တင်ဘာ ၁၄ ရက်တွင် ကြေညာမည်ဖြစ်ပြီး ယင်းမတိုင်မီ ဆန်ခါတင်သုံးဦး စာရင်းကို ထုတ်ပြန်မည်ဖြစ်သည်။ အကောင်းဆုံးနည်းပြ ၁၁ ဦးစာရင်းတွင် ကမ္ဘာ့ချန်ပီယံ ပြင်သစ်နည်းပြ ဒက်စ်ချမ့်အပြင် အကြိုဗိုလ်လုပွဲတက်နည်းပြများဖြစ်သော ခရိုအေးရှားမှ ဒါလစ်၊ ဘယ်လ်ဂျီယံမှ မာတီနက်ဇ်နှင့် အင်္ဂလန်မှ ဆောက်သ်ဂိတ်အပြင် ရီးရဲလ်နှင့် ချန်ပီယံလိဂ်ဖလားသုံးကြိမ်ရခဲ့သော ဇီဒန်းလည်း ပါဝင်သည်။

—Ref:AP