ယူအီးအက်ဖ်အေအကြံပေးပုဂ္ဂိုလ်အဖြစ် ပေါ်တူဂီဂန္ထ၀င်ကစားသမားဟောင်း ဖီဂို ခန့်အပ်တာဝန်ပေးခံရ

ရီးရဲလ်အသင်းနှင့်အတူ အောင်မြင်မှုများစွာရရှိခဲ့သည့် ပေါ်တူဂီဂန္ထ၀င် က စားသမားဟောင်းဖြစ်သူ ဖီဂိုသည် ဥရောပ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆီဖာ ရင်၏ ထောက်ခံမှုနှင့်အတူ ယူအီးအက်ဖ်အေ၏ ဘောလုံးနည်းစနစ်ပိုင်း ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခံခဲ့ရကြောင်း ဥရောပဘောလုံးအဖွဲ့ချုပ်၏ အတည်ပြုသတင်း ထုတ်ပြန်ချက်အရ သိရသည်။

ကစားသမားဘ၀တစ်လျှောက်အောင်မြင်မှုများစွာရရှိခဲ့ဖူးသည် ဖီဂိုသည် ပြီး ခဲ့သည့်နှစ်ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ သစ်ရွေးချယ်ပွဲတွင် ဥက္ကဋ္ဌ လောင်းအဖြစ် ပါဝင်ရွေးချယ်ခံခဲ့သော်လည်း အပြီးသတ်ဆုံးဖြတ်ချက် ခံယူခံနီးတွင် ဥက္ကဋ္ဌ လောင်းအဖြစ် နုတ်ထွက်ခဲ့သူဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ ဥရောပဘောလုံးအဖွဲ့ချုပ်၏ အဓိက အကြံပေးပုဂ္ဂိုလ်ရာထူးအား လက်ခံခဲ့ခြင်း ဖြစ်သည်။

“ ဘောလုံးအားကစားနည်းအနေနဲ့ နည်းပညာအထောက်အကူတွေနဲ့အတူ တဖြေးဖြေးပြောင်းလဲမှုတွေ ဖြစ်ပေါ်နေခဲ့ပါပြီ။ အထူးသဖြင့် ရာထူးခန့်အပ်ခဲ့ခြင်းအတွက် ဥက္ကဋ္ဌဆီဖာရင်ကို ဦးစွာကျေးဇူးတင်ချင်ပါတယ်။ ဘောလုံးလောကရဲ့တိုးတက်မှုတွေနဲ့အတူ လေ့လာမှုတွေပြုလုပ်ခဲ့ပြီးနောက် ဘောလုံးလောကအတွက် တစ်စုံတစ်ရာ ပြန်ပေးခွင့်ရရှိခဲ့ပါပြီ ” ဟု ဖီဂိုက ဆိုခဲ့သည်။

-Ref; Sky sports