မန်ယူအတွက် ကြီးမားသော စိန်ခေါ်မှုများ လာတော့မည်

နည်းပြမော်ရင်ဟို၏ မန်ယူအတွက် စနေနေ့တွင် အဝေးကွင်း၌ ရင်ဆိုင်ရမည့် လီဗာပူးနှင့် ပွဲအပါအဝင် ကြီးမားသော စိန် ခေါ်မှုများ ဆက်တိုက်နီးပါးရှိလာ မည်ဖြစ်သည်။

မန်စီးတီးနှင့် ရမှတ်တူ ၁၉ မှတ်ဖြင့် ပရီးမီးယားလိဂ်အမှတ် ပေးဇယား ဒုတိယနေရာ၌ ရှိနေ သော မန်ယူသည် ယခုအချိန်ထိ ပြီးခဲ့သည့်ရာသီက ထိပ်ဆုံးငါး သင်းနှင့် ရင်ဆိုင်တွေ့ခြင်းမရှိ သေးပေ။

ပရီးမီးယားလိဂ်အစ ခုနစ်ပွဲတွင် ခြောက်ပွဲနိုင်ပြီး သွင်းဂိုး ၂၁ ဂိုး အထိရှိကာ ပေးဂိုးနှစ်ဂိုးသာရှိသေးသော မန်ယူသည် ယခုရာသီတွင် ဖလားစိန်ခေါ်ရန် အင်အား များစွာ တောင့်တင်းလာသည်။

သို့သော်မန်ယူက ဖလားကိုအမှန်တကယ်စိန်ခေါ်နိုင်ပြီလား ဆိုခြင်းနှင့် ပတ်သက်၍ လီဗာပူးအပါအဝင် အောက်တိုဘာ ၂၈ ရက်တွင် ကစားရမည့် စပါး၊ တစ်ပတ်အကြာတွင် ချယ်လ်ဆီး စသော ကြီးမားသည့် စိန်ခေါ်ပွဲ များက စောင့်ကြိုနေသည်။

မန်ယူသည် ဖာဂူဆန်ထွက် သွားပြီးနောက် အချိန်အတိုင်း အတာတစ်ခုအထိ ပျောက်ဆုံးခဲ့ သော အခြားအသင်းများက ကြောက်ရွံ့မည့်အခြေအနေမျိုး ပြန်ရထားပုံပေါ်သည်။

ထိုအတောအတွင်း ဘယ်လ် ဂျီယံတိုက်စစ်မှူး လူကာကူသည် ခြေချင်းဝတ်ဒဏ်ရာရခဲ့သော် လည်း လီဗာပူးနှင့် ပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝနေသည်။

လီဗာပူးမှ ဆီနီဂေါတိုက်စစ် မှူး ဆာဒီယိုမာနေးသည် တံ ကောက်ကြောဒဏ်ရာကြောင့် အနားယူနေရ၍ မန်ယူနှင့် ပွဲလွဲချော် မည်ဖြစ်သည်။

—Ref:Goal