အလှူလုပ်ဖို့ ပရီးမီးယားလိဂ် ကစားသမားတွေကို တိုက်တွန်းလိုက်တဲ့ မာတာ

မန်ယူအသင်းမှ စပိန်ကစားသမား မာတာက အလှူအတန်းပြုရာတွင် ပါဝင်ပေးကြဖို့ အခြားသော ပရီးမီးယားလိဂ်မှ ကစားသမားတွေကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အဆိုပါ အလှူတွင် ကစားသမားများအနေနဲ့ ၎င်းတို့ရရှိနေကြတဲ့ လစာရဲ့ ၁ ရာခိုင်နှုန်းခန့်သာ ပါဝင်ပေးကြဖို့ မာတာက တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် အဆိုပါ အလှူအတန်းအတွက် မာတာနဲ့အတူ ကစားသမား ၆ ဦးလောက်ကသာ ပူးပေါင်း ပါဝင်နေပြီး အခြားကစားသမားများမှာ ပါဝင်လာခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်။

သို့သော်လည်း မာတာအနေနဲ့ အသင်းဖော် မန်ယူကစားသမားများ အားလုံး ပါဝင်လာမယ်လို့ ယုံကြည်နေတာ လည်း ဖြစ်ပါတယ်။

“လာမယ့် အပတ်အတွက် ကျွန်တော့်မှာ သတင်းကောင်းတွေရှိပါတယ်။အားလုံး ပျော်ရွှင်ကြမယ်လို့ မျှော်လင့်ပါတယ်။” လို့ မာတာက ထုတ်ဖော်ပြောခဲ့ပါတယ်။

“အတိအကျပြောရမယ်ဆိုရင် ကျွန်တော့် ကစားဖော်တွေ အလှူမှာပါဝင်လာဖို့ မျှော်လင့်ပါတယ်။ တစ်ကယ်တမ်းပြောရမယ်ဆိုရင် ကျွန်တော် ဒီ့ထက်ပိုတဲ့ အကြံဥာဏ်တွေ လိုအပ်ပါတယ်။”လို့ မာတာက ဆက်လက်ပြောခဲ့ပါတယ်။

မာတာရဲ့ အလှူအတန်းအဖွဲ့ထဲကို ပထမဆုံး ၀င်ရောက်လာခဲ့သူမှာ ဘိုင်ယန်မြူးနစ်နဲ့ ဂျာမဏီ နောက်ခံလူ ဟမ်းမဲလ်ဖြစ်ပါတယ်။

ဆက်လက်ပြီး အမေရိကန် အမျိုးသမီး ကမ္ဘာ့ဖလား ချန်ပီယံ မီဂန်ရာပီနိုးနဲ့ အဲလက်စ် မော်ဂန်၊ ဂျူဗင်တပ် အသင်းမှ ချီလီနီ၊ အာဆင်နယ်ကစားသမားဟောင်း၊ ဂနာဘရီနဲ့ စတုဂတ်အသင်းမှ ဒင်းနစ်အိုဂိုတို့လည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။မာတာအနေနဲ့ အင်္ဂလန်ကလပ်အသင်းများမှ ကစားသမားများလည်း မကြာမီ ရက်သတ္တပတ်အတွင်း ပါဝင်လာမယ်လို့ ယုံကြည်နေတာလည်း ဖြစ်ပါတယ်။

အဆိုပါ စပိန်လက်ရွေးစင်ကစားသမားမှာ ၂၀၁၄ ခုနှစ်က ချဲလ်ဆီးအသင်းကနေ မန်ယူအသင်းကို ပေါင် ၃၇.၁ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သူလည်း ဖြစ်ပါတယ်။  

(BBC Sports)