ဘာစီလိုနာ ဘီ ကို ပြန်ကိုင်တွယ်ချင်တယ်လို့ ဆိုတဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက နည်းပြဘဝ အနားယူခါနီးတွင် သူရဲ့ အသင်းဟောင်း တစ်သင်းဖြစ်တဲ့ ဘာစီလိုနာ ဘီ အသင်းကို ပြန်လည်ကိုင်တွယ်လိုကြောင်း ပြောခဲ့ပါတယ်။

ဂွါဒီယိုလာ ဟာ ၂၀၀၇ ခုနှစ်က ဘာစီလိုနာ ဘီအသင်းကို ကိုင်တွေနေစဉ်မှာ ဘာစီလိုနာနည်းပြ ဖရန့်ရီကတ်ရဲ့ နေရာမှာ အစားထိုးပြီး ဘာစီလိုနာ အသင်းကြီးရဲ့ နည်းပြဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့အတူ ၄ နှစ် အတွင်းမှာ ဂွါဒီယိုလာဟာ လာလီဂါ ချန်ပီယံ ၃ ကြိမ်၊ ချန်ပီယံလိဂ် ၂ ကြိမ်နဲ့ ကမ္ဘာ့ကလပ် ချန်ပီယံ ၂ ကြိမ် ဖြစ်ခဲ့တဲ့အထိ အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ဂွါဒီယိုလာဟာ လက်ရှိမှာတော့ မန်စီးတီးအသင်းကို ၃ ရာသီမြောက် ကိုင်တွယ်နေသူလည်း ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကဆိုရင် စံချိန်တင်ရမှတ် ၁၀၀နဲ့အတူ ချန်ပီယံဆု ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ သတင်းတွေအရ ဂွါဒီယိုလာအနေနဲ့ မန်စီးတီးအသင်းမှာ ၁၀ စုနှစ်တစ်ခုအထိ ကိုင်တွယ်မယ်လို့ ဖော်ပြကြပါတယ်။ ဂွါဒီယိုလာကတော့ “အသင်းကို ကောင်းတာထက်ကောင်းအောင်လုပ်ဖို့က ကျွန်တော် တာဝန်ပါ။ ဒါပေမဲ့ နည်းပြဘဝ အဆုံးသတ်ကိုတော့ ကျွန်တော် စတင်ခဲ့တဲ့ ဘာစီလိုနာ ဘီ အသင်းမှာပဲ ကုန်ဆုံးချင်ပါတယ်။” လို့ ပြောခဲ့ပါတယ်။ 

90Minutes