တိုကျိုမြို့တွင်ကျင်းပမည့် Amazon Prime 4 ပြိုင်ပွဲ၌ အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား MMA ဖိုက်တာ ယူရှင်အိုကာမီ ထိုးသတ်မည်ဟု သတင်းထွက်

မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့် ဂျပန်နိုင်ငံသား MMA ဖိုက်တာ ယူရှင်အိုကာမီတို့သည် တိုကျိုမြို့၌ကျင်းပမည့် Amazon Prime 4 ၌ ထိုးသတ်မည်ဟု သတင်းများထွက်ပေါ် လျက်ရှိသည်။Asian MMA သတင်းဌာန၏ ဖော်ပြမှုအရ အောင်လအန်ဆန်နှင့် ဂျပန် MMA ဖိုက်တာ ယူရှင်အိုကာမီတို့သည် လာမည့် နိုဝင်ဘာ(၁၉) ရက်တွင် တိုကျိုမြို့၌ ကျင်းပမည့် Amazon Prime 4 ၌ ထိုးသတ်ရန် သဘောတူညီမှုရရှိထားသည်ဟု ဖော်ပြခဲ့သည်။ One Championship အဖွဲ့အစည်းသည် အမေရိကန်စျေးကွက်သို့ ထိုးဖောက်ရန်စီစဉ်လျက်ရှိရာ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်အခြေစိုက် Amazon Prime Video က MMA ပြိုင်ပွဲများကို  ထုတ်လွှင့်ပြသရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်သည်။

One hampionship အဖွဲ့အစည်းသည် ယခုနှစ်အတွင်း Amazon Prime Video မှ MMA ပြိုင်ပွဲ (၅)ပွဲကို သြဂုတ်မှ ဒီဇင်ဘာအတွင်း ထုတ်လွှင့်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။ ထို ့ပြင်One hampionship အဖွဲ့အစည်းသည် ဂျပန်စျေးကွက်သို ့လည်း ထိုးဖောက်လိုသောကြောင့် နိုဝင်ဘာ (၁၉)ရက်တွင် ပြုလုပ်မည့် Amazon Prime 4 ပြိုင်ပွဲကို တိုကျိုမြို့၌ ကျင်းပသွားရန် စီစဉ်ထားခြင်းဖြစ်သည်။ နိုဝင်ဘာ(၁၉) ရက်တွင် ပြုလုပ်မည့့်Amazon Prime 4 ပြိုင်ပွဲကျင်းပမည့် အချိန်မှာ ဂျပန်ဒေသစံတော်ချိန် နံနက် (၁၁)နာရီ၊ အမေရိကန်ဒေသစံတော်ချိန် နိုဝင်ဘာ(၁၈) ရက်၊ သောကြာညဖြစ်ကြောင်း သိရသည်။

One hampionship အဖွဲ့အစည်းသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် MMA ပြိုင်ပွဲများကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကတည်းက စင်ကာပူနိုင်ငံ တစ်နိုင်ငံတည်းတွင်သာ ကျင်းပနေရခြင်းဖြစ်သည်။ One hampionship အဖွဲ့အစည်းသည် အမေရိကန် စျေးကွက်သို့ ထိုးဖောက်ရန် ယခုနှစ်အတွင်း ပထမဆုံးပြိုင်ပွဲအဖြစ် Amazon Prime 1 ပြိုင်ပွဲကို သြဂုတ် (၂၇)ရက်တွင် ကျင်းပမည်ဖြစ်သည်။ ယင်း ပြိုင်ပွဲကို ၀ါရှင်တန်အခြေစိုက်Amazon Prime Video တွင် ထုတ်လွှင့်ပြသမည်ဖြစ်သည်။

Amazon Prime 4 ပြိုင်ပွဲနှင့် ပက်သတ်၍  ဂျပန် MMA ဖိုက်တာ ယူရှင်အိုကာမီကလည်း သူ၏ Twitter မှတစ်ဆင့် ရေးသားထားသည်။ ယူရှင်အိုကာမီက” ကျွန်တော် အောင်လအန်ဆန်ကို လေးစားပါတယ်။ ONE ရဲ့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်နဲ ့လိုက်ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို ရယူထားတာ ဘယ်သူလဲ။ ကျွန်တော်တို့ တိုကျိုမှာ ဆုံကြပါစို့”ဟု ရေးသားခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်အနေဖြင့်လည်း ပြီးခဲ့သည့် ဧပြီလအတွင်းက သူ၏ Twitter မှတစ်ဆင့် ဂျပန် MMA ဖိုက်တာ ယူရှင်အိုကာမီနှင့် ထိုးသတ်လိုကြောင်း စိန်ခေါ်စကားဆိုထားသည်။  ထိုစဉ်က “ဇွန်(၃) ရက်မှာ ငါတို ့ဆုံကြမလားဟေ့”ဟု  ယူရှင်အိုကာမီကို လိပ်မူ၍ အောင်လအန်ဆန်က စိန်ခေါ်စကား ရေးသားခဲ့ခြင်းဖြစ်သည်။ ဂျပန်ဖိုက်တာ ယူရှင်အိုကာမီသည် လက်ရှိတွင် အသက် (၄၁)နှစ်ရှိပြီဖြစ်သော်လည်း UFC ဖိုက်တာဟောင်း တစ်ဦးဖြစ်ကာ UFC မစ်ဒယ် ၀ိတ်ချန်ပီယံဟောင်းများဖြစ်သည့် အန်ဒါဆင်ဆေးလ်ဗားနှင့် အီဗန်တန်နာတို ့ကို အနိုင်ရရှိထားသူ ဖြစ်သည်။ သို့သော် ယူရှင်အိုကာမီသည် ပွဲထိုးသတ်မှု ဝေးနေသည်မှာ (၃)နှစ်နီးပါး ရှိနေပြီဖြစ်ကြောင်း သိရသည်။ အောင်လအန်ဆန်သည် ONE က စီစဉ်သည့် နပန်းစည်းမျဉ်းဖြင့် ထိုးသတ်ရမည့် အထူးပွဲစဉ်လည်း ထိုးသတ်ရမည်ဖြစ်သည်။