ရေပြင်သဘာဝပတ်ဝန်းကျင် ကာကွယ်ရန် ထိုင်းမှာ မှတ်ပုံတင်မဲ့ စက်လှေအားလုံးကို ဖျက်ဆီး

ဘန်ကောက်၊ စက်တင်ဘာ ၁၃

ထိုင်းတာဝန်ရှိသူတွေဟာ ဘန်ကောက်မြို့အနီး သာချင်မြစ်ကမ်းပါးက မှတ်ပုံတင်မဲ့ စက်လှေရေယာဉ်များစွာကို စက်တင်ဘာ ၁၂ ရက်မှာ ဖျက်ဆီးကြပါတယ်။

ရေပြင်သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးလုပ်ငန်းစဉ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ခုလို ဖျက်ဆီးပစ်တာလို့ သိရပါတယ်။ အစိုးရ တိုင်းတာချက်တစ်ရပ်အရ ထိုင်းနိုင်ငံတွင်းမှာ မှတ်ပုံတင်မဲ့ စက်လှေရေယာဉ်ပေါင်း ၉၀၀ နီးပါး ရှိတယ် ဆိုပါတယ်။ ဒီအတွက် နိုင်ငံရဲ့ ငါးလုပ်ငန်းကို ကာကွယ်ရေးနဲ့ ပိုပြီးတိကျမှု ရှိစေရေးအတွက် မှတ်ပုံတင်မဲ့ စက်လှေရေယာဉ် တွေကို ဖျက်ဆီးပစ်တဲ့ လုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘာ့မှာ  ပုစွန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ပေမယ့် ငါးလုပ်ငန်းကုမ္ပဏီအချို့ဟာ ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် နိုင်ငံတကာ ဈေးကွက်က စိစစ်စစ်ဆေး ခံနေရတာလည်း ဖြစ်ပါတယ်။   

Mizzima