ထိုင်းလက်ဝှေ့ကျော် အိကျူစံကို စိုးလင်းဦးအလဲထိုး

မြန်မာ-ထိုင်း ရိုး ရာလက်ဝှေ့ စိန်ခေါ်ပွဲတွင် မြန်မာ့ လက်ဝှေ့ကျော် စိုးလင်းဦးက  ထိုင်းလက်ဝှေ့ကျော် အိကျူစံကို  သုံးချီမြောက်၌ အလဲထိုးဖြင့် အနိုင်ရခဲ့သည်။

ခံစစ်မှူးသစ်ကို မန်ယူခေါ်ခဲ့ပေမယ့် မော်ရင်ဟို လိုချင်သူတော့မဟုတ်ဘူး

မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ အသင်းရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဒီတစ်ပတ်အတွင်းမှာ ဆက်တိုက်ဆိုသလို ဝေန်ခဲ့တာပါ။ သူဟာ ဒီနွေရာသီအတွင်းမှာ အသင်းရဲ့ခံစစ်ပိုင်းကို အဓိက ပြင်ဆင်ချင် နေတာလည်း ဖြစ်ပါတယ်။ မနေ့ညကတော့ မန်ယူအသင်းဟာ ခံစစ်မှူးသစ်တစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်မှ ဗီဒယ်ကို ပေါင် ၂၇ သန်းနဲ့ ဘာစီလိုနာအသင်း အပြီးသတ်ခေါ်ယူဖို့ နီးစပ်လာ

ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်ရဲ့ ကွင်းလယ်လူ အာတူရို ဗီဒယ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းနဲ့ ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီးနောက် ချီလီကစားသမားကို အပြီးသတ်ခေါ်ယူဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။

၂၀၁၅ ခုနှစ်က ဂျူဗင်တပ်စ်အသင်းမှ ဘိုင်ယန်မြူးနစ်အသင်းဆီ ပေါင် ၃၂ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ကစားသမားဟာ နည်းပြသစ် နီကို ကိုဗက်ခ်ျဆီက အသင်းပြောင်းရွှေ့ခွင့် ရခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်က ကစားသမားဟာ ဘာစီလိုနာအသင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မိုက်ကယ်ဖဲလ်စ်ရဲ့ စံချိန်ကိုချိုးခဲ့တဲ့ ၁၀ နှစ်အရွယ် စူပါမန်း

ရေကူးအားကစားသမားတွေထဲမှာတော့ မိုက်ကယ်ဖဲလ်စ်ကို ယှဉ်နိုင်တဲ့သူက လုံးဝမရှိပါဘူး။ သူဟာ အမြင့်ဆုံးဆိုတဲ့ တစ်ဦးချင်းဆုတံဆိပ်များစွာကို ကြိမ်ဖန်များစွာ ရယူနိုင်ခဲ့ပြီး စံချိန်သစ်တွေကိုလည်း ရေးထိုးထားနိုင်ခဲ့တာပါ။

ဒါပေမဲ့ ၁၉၉၅ ခုနှစ်တုန်းက မိုက်ကယ်ဖဲလ်စ်တင်ထားခဲ့တဲ့ စံချိန်ဟောင်းတစ်ခုကို ချိုးဖျက်နိုင်ခဲ့တဲ့ ၁၀ နှစ်အရွယ် စူပါမန်းကတော့ ပေါ်ထွက်လာခဲ့ပါပြီ။ ကလပ်ခ်ကန့်ဆိုတဲ့ ချာတိတ်လေးဟာ Far West International Championship ရေကူးပြိုင်ပွဲရဲ့ မီတာ ၁၀၀ လိပ်ပြာကူးပွဲစဉ်မှာ ၁၉၉၅ ခုနှစ်က မိုက်ကယ်ဖဲလ်စ်တင်ထားခဲ့တဲ့ 1:10:48 စံချိန်ကို 1:09:38 နဲ့ ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

မြန်မာ ယူ၂၃ နှင့် ဘာရိန်း ယူ၂၃ တို့ ဒုတိယနေ့ပွဲစဉ် ယှဉ်ပြိုင်မည်

ဓာတ်ပုံ MFF

 

မြန်မာ ယူ၂၃ အသင်းနှင့် ဘာရိန်း ယူ ၂၃ အသင်းတို့ သြဂုတ်လ ၃ ရက် ညနေ ၆ နာရီတွင် မန္တလေးမြို့၊ မန္တလာသီရိကစားကွင်းတွင် ဒုတိယနေ့ ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

ပေါ့ဂ်ဘာအား ခေါ်ယူရန် ဘာစီလိုနာအသင်းကို မက်ဆီ တိုက်တွန်း

မန်ယူအသင်း ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဂ်ဘာအား ယခုနွေရာသီဈေးကွက်ကာလအတွင်းတွင် ခေါ်ယူရန် ဘာစီလိုနာအသင်း တာဝန်ရှိသူများကို ဘာစီလိုနာကစားသမား လီယွန်နယ်မက်ဆီက တိုက်တွန်းပြောဆိုခဲ့ ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။

ဘာစီလိုနာအသင်းသည် အစောပိုင်းက ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းမှ ပြင်သစ်ကွင်းလယ်ကစားသမား ရာဘော့ (၂၃နှစ်) အား ခေါ်ယူရန် စိတ်ဝင်စားမှုရှိခဲ့သည်။ သို့သော်လည်း ကွင်းလယ်ကစားသမား ရာဘော့သည် ပီအက်စ်ဂျီ အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီခဲ့ခြင်းကြောင့် ဘာစီလိုနာအသင်းအနေဖြင့် ရာဘော့အား ခေါ်ယူရေး စိတ်ဝင်စားနေမှုကို အဆုံးသတ်ကာ မန်ယူကစားသမား ပေါ့ဂ်ဘာအား ခေါ်ယူရေး ပြောင်းလဲစီစဉ်လာနိုင်သည်ဟု သတင်းများတွင် ဆက်လက်ရေးသားထားသည်။

မြန်မာနိုင်ငံမှ လက်ဝှေ့ကျော် စိုးလင်းဦး နှင့် စိန်ခေါ်သူ လက်ဝှေ့ကျော် အိကျူစံတို့ ယှဉ်ပြိုင်ထိုးသတ်မည်

ယှဉ်ပြိုင်ထိုးသတ်မည့်သူနှစ်ဦးအားတွေ့ရစဉ် (ဓာတ်ပုံ–MOI)

ရန်ကုန်၊ သြဂုတ် ၂ ရက်။    ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး MMTS နှင့် H & S Group တို့ ပူးပေါင်းစီစဉ်သည့် Lethwei Nation 50th Media Championship 2018 ၏ ဝိတ်တန်း အလိုက် နောက်ဆုံးဖိုင်နယ် ရွှေခါးပတ် လုပွဲကြီးတွင် ထိုင်းနိုင်ငံ မွေထိုင်းနှင့် ထိုင်းဖိုက်မှ နာမည်ကြီး လက်ဝှေ့ကျော် အိကျူစံနှင့် မြန်မာနိုင်ငံမှ ပထမတန်း လက်ဝှေ့ကျော် စိုးလင်းဦးတို့ အထူး စိန်ခေါ်ပွဲအဖြစ် ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ယနေ့သတင်းထုတ်ပြန်သည်။

ယူအီးအက်ဖ်အေဒိုင်ကြီးအကဲရာထူးကနေ ကော်လီနာ နုတ်ထွက်

ယူအီးအက်ဖ်အေဒိုင်အကြီးအကဲ ကော်လီနာဟာ ပုဂ္ဂိုလ်ရေးအကြောင်းပြချက်နဲ့ (၈)နှစ်ကြာထမ်းဆောင်ခဲ့တဲ့ ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ အီတလီသားကော်လီနာဟာ ဖီဖာဒိုင်ကော်မတီမှာလည်း ဥက္ကဋ္ဌဖြစ်ပြီး ရုရှားကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပထမဆုံးအကြိမ်အသုံးပြုခဲ့တဲ့ ဗွီဒီယိုအကူဒိုင်နည်းပညာ(VAR)ကို ခိုင်ခိုင်မာမာ ထောက်ခံသူ တစ်ဦးပါ။ အခြားတစ်ဖက်မှာ ယူအီးအက်ဖ်အေဟာ အခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ VAR နည်းပညာ အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယူအီးအက်ဖ်အေဥက္ကဋ္ဌ ဆီဖာရင်ကတော့ နည်းပညာအသစ်ဟာ တိုးတက်ဖို့ အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် VAR အသုံးပြုဖို့ယူအီးအက်ဖ်အေငြင်းဆန်ခဲ့တာကြောင့် ရာထူးကနေ ကော်လီနာနုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့တာနဲ့မဆိုင်ဘူးလို့ သိရပါတယ်။ ယူအီးအက်ဖ်အေဟာ ကော်လီနာနေရာမှာ ရော်ဘတ်တိုရိုဆက်တီနဲ့ အစားထိုးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။  

၆ လ ပွဲပယ်ပြစ်ဒဏ်ကို ၁၈ လအထိ တိုးမြှင့်ခံလိုက်ရတဲ့ နာဆရီ

မန်စီးတီးနဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း နာဆရီ ရဲ့ ၆ လပွဲပယ်ပြစ်ဒဏ်ကို ယူအီးအက်ဖ်အေက ၁၈ လ အထိ တိုးမြှင့်ပြောင်းလဲလိုက်ပါတယ်။

နာဆရီဟာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့ရဲ့ ဆေးခန်းတစ်ခုမှာ တားမြစ်ထားတဲ့ ဆေးဝါးကို အကြောထဲထိုးသွင်းခဲ့တာကြောင့် ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလမှ ၆ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

ဟယ်ရီကိန်းပုံပါတဲ့ ငွေစက္ကူတွေ ထွက်နေပြီ

ငွေစက္ကူနဲ့ ငွေဒင်္ဂါးတွေအပေါ်မှာ အမှတ်တရပုံရိပ်တွေပြုလုပ်တဲ့ အနုပညာရှင်တစ်ဦးက အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းပုံပါတဲ့ ငွေစက္ကူတွေကို ထုတ်လုပ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားမှာ ခြောက်ဂိုးသွင်းပြီး ရွှေဖိနပ်ဆုရခဲ့တဲ့ ဟယ်ရီကိန်းအတွက် အမှတ်တရဖြစ်အောင် ၅ပေါင်တန်ငွေစက္ကူခြောက်ရွက်ကို ထုတ်ခဲ့တာပါ။

ဗြိတိန်က အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဂရေဟမ်ရှော့ဟာ ဗြိတိန်သုံးငွေကြေး ပေါင် (၅)ပေါင်တန် ငွေစက္ကူအပေါ်မှာ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ မျက်နှာကို ပုံနှိပ်ပြီး ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဟယ်ရီကိန်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး (၆)ဂိုး သွင်းယူပြီး ပြိုင်ပွဲရဲ့ရွှေဖိနပ်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။