ဆွီဒင်-ဆွစ်ဇာလန်၊ ကိုလံဘီယာ-အင်္ဂလန် တို့ အကြိတ်အနယ် ယှဉ်ပြိုင်မည့်ည

ဆွီဒင်-ဆွစ်ဇာလန်

(ည ၈ နာရီခွဲ)

ဂျာမနီ၊ မက္ကဆီကိုနှင့် တောင်ကိုရီးယားတို့ပါဝင်သော အုပ်စုတွင် ဆွီဒင်အုပ်စုပထမရခဲ့ခြင်းသည် ကံကြောင့် မဟုတ်ဘဲ ကြိုးစားမှု၏ ရလဒ်သာဖြစ်သည်။

ဂျာမနီကို နာကျင်အချိန်ပိုအနိုင်ဂိုးဖြင့် ရှုံးနိမ့်ပြီး မျှော်လင့်ချက်မဲ့သလိုဖြစ်ခဲ့သော်လည်း ဆွီဒင်သည် မက္ကဆီကိုကို သုံးဂိုးပြတ် အနိုင်ယူခဲ့ခြင်းက စိတ်ဓာတ်မာကျောမှုကြောင့်ဖြစ်သည်။ မျှော်လင့်ခံထားရခြင်း မရှိသောကြောင့် ဖိအားကင်းကင်း ကစားနိုင်ခြင်းက ဆွီဒင်အတွက် အားသာချက် ဖြစ်စေသည်။

နေမာနဲ့ ပတ်သက်တဲ့သတင်းတစ်ခုကို တရားဝင် ငြင်းဆိုခဲ့တဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ နေမာကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ တရားဝင်ငြင်းဆိုသွားတယ်လို့ သိရပါတယ်။ မနေ့ညက စပိန်လူထုရုပ်သံတစ်ခုဖြစ်တဲ့ TVE သတင်းဌာနဟာရီးရဲလ်မက်ဒရစ်အနေနဲ့ နေမာအတွက် PSG ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း (၃၁၀) နဲ့ ကမ်းလှမ်းလိုက်တယ်ဆိုပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ နေမာအနေနဲ့ ပဲရစ်မှာ အဆင်မပြေ ဖြစ်နေတာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ စပိန်လာလီဂါကို ပြန်လည်ပြောင်းရွှေ့ချင်နေတယ်လို့ သတင်းများက ဖော်ပြခဲ့တာလည်း ကြာနေပြီ ဖြစ်ပါတယ်။

ရုရှားကို ရှုံးပြီးနောက် စပိန်နည်းပြ ဟီယာရိုနှင့် ပီကေး အများဆုံးဝေဖန်ခံရ

အိမ်ရှင်ရုရှားကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးပြီး ၂၀၁၈ ကမ္ဘာ့ဖလားကို နှုတ်ဆက်ခဲ့ရပြီးနောက် စပိန်နည်းပြ ဟီယာရိုနှင့် နောက်ခံလူပီကေးတို့ကို ရီးရဲလ်ပရိသတ်များက အဓိကဝေဖန်နေကြသည်။

ရီးရဲလ်က ခေါ်ယူခဲ့သည့် စပိန်နည်းပြဟောင်း လိုပါတီဂူကို ထုတ်ပယ်ခဲ့သည့် စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ လူးဝစ်ရူဘီယာလက်စ်လည်း ဝေဖန်ခံနေရကာ ဂိုးသမားဒီဂီယာ၏ စွမ်းဆောင်ရည် အပေါ် မေးခွန်းထုတ်နေသည်။

ဘရာဇီး-မက္ကဆီကို၊ ဘယ်လ်ဂျီယံ-ဂျပန် ထိပ်တိုက်တွေ့ဆုံမည့်ည

ဘရာဇီး – မက္ကဆီကို 

(ည ၈ နာရီ ခွဲ) 

ဘရာဇီးအနေဖြင့် ယခုအချိန်ထိ ချန်ပီယံခြေစွမ်းမပြနိုင်သေးဘဲ ဆွစ်ဇာလန်၊ ကော်စတာ ရီကာနှင့်ပွဲတွင် ရုန်းကန်ခဲ့ရပြီး နေမာလည်း စွမ်းဆောင်ရည် ကောင်းမပြနိုင်သေးပေ။ သို့သော် ကော်တင်ဟိုက ဘရာဇီးအတွက် အကျိုးပြုနေသည်။

စပိန်လက်ရွေးစင်အသင်းကနေ အနားယူသွားခဲ့တဲ့ ဘောလုံးမှော်ဆရာ

စပိန်အသင်း ၀ါရင့်ကွင်းလယ်လူ အင်နီယေစတာဟာ လက်ရွေးစင်ဘ၀ကနေ အနားယူပြီလို့ အတည်ပြု လိုက်ပါတယ်။

စပိန်ဟာ ၁၆ သင်းအဆင့်မှာ ကမ္ဘာ့ဖလား အိမ်ရှင်ရုရှားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးကာ
ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် အသက် ၃၄ နှစ်ရှိတဲ့ အင်နီယေစတာကလည်း အနားယူလိုက်တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲ မတိုင်ခင်ကတည်းက အင်နီယေစတာရဲ့ နောက်ဆုံးပွဲဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားတဲ့အတိုင်း သူအနားယူ လိုက်တာဖြစ်ပါတယ်။

အနာဂတ်ကိုဆုံးဖြတ်ရမယ့်အချိန်မဟုတ်သေးဘူးဆိုတဲ့ စီရော်နယ်ဒို

ပေါ်တူဂီအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုက ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက်မှာ လက်ရွေးစင် ဘ၀က အနားယူရေးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ရှိလာခဲ့ပေမယ့် ဒါတွေကို ပြောရမယ့်အချိန် မဟုတ်သေး ဘူးလို့ ငြင်းဆန်သွားခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ 2022 ခုနှစ်မှာကျင်းပမယ့် ကာတာပြိုင်ပွဲရောက်ချိန်ဆိုရင် အသက် 37 နှစ်ရှိနေမှာဖြစ်လို့ လက်ရွေးစင်ကစားသမားအဖြစ် ဆက်ကစားနိုင်ဖို့က မသေချာပါဘူး။ ဒါကြောင့်လည်း သူအနားယူမယ့် သတင်းတွေကို မီဒီယာတွေက သုံးသပ်ဖော်ပြနေကြတာပါ။

ပရီးမီးယားလိဂ်ကို ကျောခိုင်းသွားခဲ့တဲ့ ဂန္ထ၀င်ကစားသမား ရွန်နီ

အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး ၀ိန်းရွန်နီဟာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။ မေဂျာလိဂ်အပြောင်းအရွှေ့ စတင်ဖွင့်လှစ်မယ့် ဇူလိုင် (၁၀) ရက်နေ့မှာ ရွန်နီဟာ ဒီစီယူနိုက်တက်ကို ပြောင်းရွှေ့မှု အပြီးသတ် ပြည့်စုံတော့မှာလည်း ဖြစ်ပါတယ်။

အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် မြန်မာ ရွှေနှင့်ငွေ နှစ်ခုစီရရှိ

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပသည့် (၁၅)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလ နှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ၌ မြန် မာနိုင်ငံက ရွှေတံဆိပ်နှင့် ငွေတံဆိပ်နှစ်ခုစီ ရရှိခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို ဇွန်လ ၂၅ မှ ၃၀ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိပ်ပြည်နယ်တွင် ကျင်းပပြီး ၁၁ နိုင်ငံမှ ကစားသမား ၅၀ ကျော် ယှဉ်ပြိုင်ခဲ့သည်။ အမျိုးသား ကာယဗလပြိုင်ပွဲ ၆၀ ကီလိုတန်း၌ ကျော်မင်းသန်းက ရွှေတံဆိပ်တစ်ခုနှင့် ၇၀ ကီလိုတန်းတွင် သောင်းတန်က ရွှေတံဆိပ်တစ်ခု ဆွတ်ခူးခဲ့သည်။

ဘယ်လ်ဂျီယံကို ရှုံးလို့ ပျော်နေတဲ့ အင်္ဂလိပ်မီဒီယာတွေ

မနေ့ညကကစားခဲ့တဲ့ပွဲမှာ ဘယ်လ်ဂျီယံကိုရှုံးနိမ့်ပြီး အုပ်စုဒုတိယသာရရှိခဲ့ပေမယ့် ဒါဟာ နိုင်တာထက်တောင်မှ ပိုပြီးကောင်းမွန်တဲ့အခြေအနေအဖြစ် အင်္ဂလိပ်မီဒီယာတွေနဲ့ ဘောလုံး ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ အဲဒီပွဲစဉ်မှာ ရှုံးနိမ့်မှုကြောင့် အင်္ဂလန်ဟာ ရှုံးထွက်အဆင့်မှာ ဂျပန်နဲ့မတွေ့တော့ဘဲ ပိုမိုခက်ခဲတဲ့ပြိုင်ဘက်ဖြစ်တဲ့ ကိုလံဘီယာနဲ့ရင်ဆိုင်ရမှာပါ။

ပင်နယ်တီတွေပလူပျံခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား

လက်ရှိကျင်းပနေတဲ့ ကမ္ဘာ့ဖလားမှာအငြင်းပွားဖွယ်ရာ VAR စနစ်ကိုအသုံးပြုမှုနဲ့အတူ ပင်နယ်တီပေးမှုကလည်း စံချိန်တင်ခဲ့ပြီး မနေ့ညကပွဲတွေပြီးတဲ့အထိ စုစုပေါင်း ၂၄ ကြိမ်ရှိနေပြီလို့ သိရပါတယ်။

အငြင်းပွားဖွယ်ရာ ဖြစ်ရပ်တွေကို VAR ဒိုင်အဖွဲ့က ကွင်းလယ်ဒိုင်ဆီအချက်ပေးခဲ့မှုနဲ့အတူ VAR ကြည့်ပြီးဆုံးဖြတ်ချက် ယူရပေမယ့်အချို့သော ဆုံးဖြတ်ချက်တွေက ပြန်ပြီးစောဒက တက်စရာဖြစ်ခဲ့တာပါ။ အဆိုးဆုံးကတော့ ပြိုင်ပွဲ ၃ ရက်မြောက် နေ့မှာဖြစ်ပြီး အုပ်စု ၄ ပွဲမှာပင်နယ်တီပေးမှု ၅ ကြိမ်တောင်ရှိခဲ့တာပါ။