စပိန်လက်ရွေးစင်အသင်းကနေ အနားယူသွားခဲ့တဲ့ ဘောလုံးမှော်ဆရာ

စပိန်အသင်း ၀ါရင့်ကွင်းလယ်လူ အင်နီယေစတာဟာ လက်ရွေးစင်ဘ၀ကနေ အနားယူပြီလို့ အတည်ပြု လိုက်ပါတယ်။

စပိန်ဟာ ၁၆ သင်းအဆင့်မှာ ကမ္ဘာ့ဖလား အိမ်ရှင်ရုရှားကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ ရှုံးကာ
ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် အသက် ၃၄ နှစ်ရှိတဲ့ အင်နီယေစတာကလည်း အနားယူလိုက်တာဖြစ်ပါတယ်။

ဒီပြိုင်ပွဲ မတိုင်ခင်ကတည်းက အင်နီယေစတာရဲ့ နောက်ဆုံးပွဲဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားတဲ့အတိုင်း သူအနားယူ လိုက်တာဖြစ်ပါတယ်။

“ဒီကနေ့ဟာ ကျွန်တော့်အတွက် စပိန်အသင်းနဲ့ နောက်ဆုံးပွဲပါ။ အံအားသင့်စရာကောင်းမှုနဲ့အတူ အဆုံးသတ်ခဲ့ ရပါပြီ။ တစ်ခါတစ်လေကျတော့လည်း ပြိုင်ပွဲကြီးတွေမှာ ကိုယ်အလိုရှိသလို မဖြစ်ခဲ့ပါဘူး”လို့ ပြောသွားပါတယ်။ သူဟာစပိန်အသင်းအတွက် ၁၃၁ ပွဲကစားပြီး ၁၃ ဂိုး သွင်းယူခဲ့ပါတယ်။

သူဟာ ရုရှားနဲ့ကစားခဲ့တဲ့ ပွဲထွက်လူစာရင်းမှာ အရန်အဖြစ်သာ ရှိနေခဲ့တဲ့အတွက် ၁၂ အတွင်း အဓိက ပြိုင်ပွဲကြီးတွေရဲ့ ရှုံးထွက်အဆင့်မှာ ပထမဆုံးချန်လှပ်ခံခဲ့ရခြင်းလည်းဖြစ်ခဲ့ပါတယ်။ အင်နီယေစတာဟာ ပြီးခဲ့တဲ့ ရာသီကုန်ချိန်မှာလည်း ၂၂ နှစ်ကြာလက်တွဲခဲ့တဲ့ ဘာစီလိုနာနဲ့ လမ်းခွဲပြီး ဂျပန်ကလပ် ဗစ်ဆယ်ကိုဘေးကို ပြောင်းရွှေ့ခဲ့ပါသေးတယ်။

 

90Minutes