ဆီဗီလာကို အချိန်ပိုမှာ အနိုင်ရပြီး ဥရောပစူပါဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်

13925840_1749142218671995_8889116246487231218_o

ဥရောပစူပါဖလားကို ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲလ်မက်ဒရစ်နဲ့ ယူရိုပါလိဂ် ချန်ပီယံ ဆီဗီလာ အသင်းတို့ ယှဉ်ပြိုင် ကစားကြရာမှာ မိနစ်(၉၀)အတွင်း (၂-၂)ဂိုး သရေကျပြီး အချိန်ပိုမှာ ရီးယဲလ်မက်ဒရစ်အသင်းက အနိုင်ဂိုး သွင်းယူကာ ချန်ပီယံဆု ဆွတ်ခူးခဲ့ပါတယ်။

စီရော်နယ်လ်ဒို၊ ဂါရတ်ဘေးလ်၊ တိုနီကရူးစ်၊ ပီပီ အစရှိတဲ့ အဓိက ကစားသမားတွေ မပါဝင်တဲ့ ရီးယဲလ်အသင်းကို ဆီဗီလာအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ရီးယဲလ်အသင်းက အခွင့်အရေးတွေ ပိုရခဲ့ပါတယ်။

(၂၁)မိနစ်မှာ လူငယ် ကွင်းလယ်ကစားသမား အဆန်စီယိုရဲ့ သွင်းဂိုး ရီးယဲလ်အသင်း ဦးဆောင်နိုင်ခဲ့ပေမယ့် ဆီဗီလာ တောင်ပံ ကစားသမား ဗက်ဇ်ကွက်ဇ်က (၄၁)မိနစ်မှာ ချေပဂိုးသွင်းပြန်သွင်းခဲ့ပါတယ်။

(၇၂)မိနစ်မှာ ဆီဗီလာအသင်း ပယ်နယ်တီရခဲ့ပြီး ကိုနိုပယ်ယန်ကာက ကန်သွင်းကာ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဆီဗီလာအသင်း အနိုင်ရဖို့ နီးစပ်ခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ရီးယဲလ် နောက်ခံလူ ရာမို့စ်က ချေပဂိုး သွင်းခဲ့ တာကြောင့် မိနစ်(၉၀)အတွင်း (၂-၂)ဂိုး သရေကျခဲ့ပါတယ်။

အချိန်ပို ဆက်လက်ကစားခဲ့ရာမှာ အချိန်ပိုပြည့်ခါနီး (၁၁၉)မိနစ်မှာ ရီးယဲလ် နောက်ခံလူ ကာဗာဟယ်လ်က တစ်ကိုယ်တော် ခြေစွမ်းပြပြီး အနိုင်ဂိုးသွင်းယူသွားခဲ့ ပါတယ်။

ရီးယဲလ်အသင်းဟာ ဥရောပစူပါဖလားကို တတိယအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာပါ။

■ ပွဲရလဒ်

ရီးယဲလ် ၃-၂ ဆီဗီလာ

(မိနစ် ၉၀ ၂-၂ ၊ အချိန်ပိုတွင် ရီးယဲလ်နိုင်)

Photos: AFP, DailyMail


Leave a Reply