တိုက်စစ်ဆင်ပြီးပြိုင်ဘက်တွေ ပြန်ရှိန်အောင်လုပ်ဖို့ ဆိုးလ်ရှား ဆုံးဖြတ်ထား

မန်ယူအသင်းယာယီနည်းပြ ဆိုးလ်ရှားဟာ သူ့အသင်းကို တိုက်စစ်ဘဲကစားပြီး ပြိုင်ဘက်တွေက အရင်လိုပြန်ပြီး လန့်လာစေဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

မန်ယူဟာ မော်ရင်ဟိုလက်ထက်တုန်းက ခံစစ်ကိုဘဲ အသားပေးခဲ့တဲ့အပြင် ကစားပုံကလည်းမကောင်းလို့ ပြိုင်ဘက်တွေက ရဲရဲတင်းတင်းပြန်လည်ရင်ဆိုင်ခြင်းကို ခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း ဆိုးလ်ရှား လက်ထက်ပထမဆုံးပွဲဖြစ်တဲ့ ကာဒစ်ဖ်ကို ၅-၁ နဲ့နိုင်ခဲ့တဲ့ပွဲမှာ မန်ယူဟာ တိုက်စစ်ကို အသားပေးသွားခဲ့တာပါ။ ဆိုးလ်ရှားက”တိုက်စစ်ဒဿနဆိုတာ မန်ယူရဲ့သမိုင်းနဲ့ အစဉ်အလာဖြစ်ပြီ်း အသွေးအသားထဲမှာ လည်ပတ်နေသလိုပါဘဲ။ ဒါကြောင့် တိုက်စစ်ဘဲကစားလိုပါတယ်။ အသင်းနဲ့တွေ့ဆုံတဲ့ အခါမှာလည်း တစ်ဂိုးရပြီးရင် ၂ ဂိုးရဖို့၊ ၂ ဂိုးရပြီးရင်လည်း ၃ ဂိုးရဖို့ ဆက်လက် အားထုတ်မယ်လို့ ပြောခဲ့ပါတယ်”လို့ ဆိုသွားပါတယ်။

ကာဒစ်ဖ်နဲ့ပွဲမှာ ဆိုရင် မော်ရင်ဟို အထုတ်မခံရခင်မှာ အရန်အဖြစ်သာရှိခဲ့တဲ့ ပေါ့ဂ်ဘာဟာ ခြေစွမ်းပြသွားပြီး ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကိုတောင် ရရှိခဲ့ပါတယ်။ မန်ယူဟာ ဒီကနေ့ညမှာ ဆိုးလ်ရှားရဲ့ ပထမဆုံး အိုးလ်ထရက်ဖို့ဒ်ပွဲအဖြစ် (၉း၃၀)နာရီ မှာ ဟက်ဒါဖီးလ်နဲ့ ကစားရမှာဖြစ်ပါတယ်။

-Ref: Skysports