ဘာစီလိုနာသမိုင်းတစ်လျောက် အအောင်မြင်ဆုံးကစားသမား မက်ဆီဖြစ်လာ

ဆီဗီလာကို အနိုင်ရခဲ့တဲ့ စပိန်စူပါဖလားပြိုင်ပွဲပြီးနောက် ဘာစီလိုနာတိုက်စစ်မှူးမက်ဆီဟာ အသင်း သမိုင်းတစ်လျောက် အအောင်မြင်ဆုံး ကစားသမားဖြစ်လာခဲ့ပါတယ်။ စပိန်စူပါဖလားပြိုင်ပွဲကို ပထမဆုံး အကြိမ် ပြည်ပမှာ ကျင်းပခဲ့ပြီး တူနီးရှားမှာ ကျင်းပခဲ့တာပါ။ မက်ဆီကလည်း အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလား ပြိုင်ပွဲပြီး ကတည်းက ဘာစီလိုနာအတွက် ပထမဆုံးဝင် ရောက်ကစားခဲ့တာပဲဖြစ်ပါတယ်။

စပိန်စူပါဖလားရခဲ့တဲ့ မက်ဆီအနေနဲ့ ဘာစီလိုနာကစားသမားဘ၀မှာ ဆုဖလား(၃၃)လုံးအထိ ရရှိခဲ့ပြီး အသင်းအမိုင်း တစ်လျောက်ကျန်ကစားသမားတွေထက် ဆုဖလားပိုရခဲ့ ကစားသမားဖြစ်လာပါတယ်။ မက်ဆီဟာ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဖလား(၄)ကြိမ်၊ လာလီဂါဖလား(၉)ကြိမ်၊ စပိန်ဘုရင့်ဖလား(၆)ကြိမ်နဲ့ Ballons d’Or ဆု(၅)ကြိမ် ရရှိခဲ့သူပါ။ 

-Ref: Sky sports