အာရှအားကစားပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းပွဲများကို My Sports မှ တိုက်ရိုက်လွှင့်မည်

အာရှအားကစားပြိုင်ပွဲမတိုင်မီ ထိုင်းနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာယူ-၂၃ဘောလုံးအသင်း (ဓာတ်ပုံ − MFF)

 

အာရှအားကစားပြိုင်ပွဲဝင် မြန်မာအမျိုးသားယူ-၂၃ ဘောလုံးအသင်း ယှဉ်ပြိုင်မည့် ပွဲစဉ်များကို မြန်မာလိဂ်နှင့် သဘောတူညီမှုရရှိထားသည့် My Sport ဖေ့စ်ဘွတ်ခ်စာမျက်နှာက တိုက်ရိုက် ထုတ်လွှင့်မည် ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် (၁၈)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအမျိုးသားဘောလုံး ပြိုင်ပွဲတွင် မြန်မာအသင်း သည် အုပ်စု(စ)၌    ဆော်ဒီ၊ အီရန်၊ မြောက်ကိုရီးယားအသင်းတို့နှင့် ကျရောက်နေသည်။

ပွဲစဉ်ဇယားအရ မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် သြဂုတ် ၁၅ ရက် မြန်မာစံတော် ချိန် ညနေ ၆ နာရီခွဲတွင် မြောက်ကိုရီးယား၊ သြဂုတ် ၁၇ ရက် ည နေ ၄ နာရီခွဲတွင် ဆော်ဒီ၊ သြဂုတ် ၂၀ ရက် ညနေ ၃ နာရီခွဲတွင် အီရန်အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာယူ-၂၃ အသင်းသည် အာရှအားကစားပြိုင်ပွဲအကြို နောက်ဆုံးခြေစမ်းပွဲအဖြစ် သြဂုတ် ၁၁ ရက်က ဘန်ကောက်မြို့၌ ထိုင်းလိဂ်(၁) Police Tero အသင်းနှင့် ခြေစမ်းရာ တစ်ဂိုးစီ သရေကျခဲ့သည်။

မြန်မာယူ-၂၃ အသင်းသည် အာရှအားကစားပြိုင်ပွဲမတိုင်မီ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲနှင့် ခြေစမ်းပွဲတစ်ပွဲ စုစုပေါင်း လေးပွဲ ယှဉ်ပြိုင်ရာ တစ်ပွဲနိုင်၊ နှစ်ပွဲ သရေ၊ တစ်ပွဲရှုံးရလဒ် ထွက်ပေါ်ထားသည်။

အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲကို ယူ-၂၃ ပြိုင်ပွဲအဖြစ် သတ်မှတ်ထားသော်လည်း ပြိုင်ပွဲဝင် အသင်းများ သည် (၂၃)နှစ်အထက် ကစား သမားသုံးဦး ပါဝင်ခွင့်ရှိသည်။

7Days