ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ဆုကို ဒေးဗစ်ဘက်ဟမ်းဆွတ်ခူး

မန်ယူနဲ့အင်္ဂလန်လက်ရွေးင်ဟောင်း ဒေးဗစ်ဘက်ဟမ်းဟာ ယူအီးအက်ဖ်အေဥက္ကဋ္ဌ ကပေးအပ်တဲ့ 2018 UEFA president’s award ကို ဆွတ်ခူးခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံတဲ့ လိဂ်ဖလား တတိယအဆင့်ပွဲစဉ်များ

လိဂ်ဖလား (ကာရာဘောင်ဖလား) ပြိုင်ပွဲရဲ့ တတိယအဆင့်မဲခွဲပွဲကို သြဂုတ် ၂၀ ရက်က ပြုလုပ်ကျင်းပသွားခဲ့ရာ ပရီးမီးယားလိဂ်အသင်းကြီးနှစ်သင်းဖြစ်တဲ့ လီဗာပူးလ်နှင့် ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အန်ဖီးလ်မှာ ကစားရမှာဖြစ်ပါတယ်။

လိဂ်ဖလားလက်ရှိချန်ပီယံ မန်စီးတီးအသင်းမှာ အောက်စ်ဖို့ဒ်အသင်းနဲ့ တွေ့ဆုံခဲ့ပြီး မန်ယူအသင်းကတော့ အိမ်ကွင်းမှာ ဖရန့်လမ်းပတ်ကိုင်တယ်နေတဲ့ ဒါဘီကောင်တီအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်အုပ်စုအဆင့်တွင် မန်ယူနှင့် ဂျူဗင်တပ်တို့ တွေ့ဆုံ

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေ ထွက်ပေါ်လာရာမှာ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်အသင်းက အသင်းဟောင်း မန်ချက်စတာယူနိုက်တက်နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။ မန်ယူနဲ့ ဂျူဗင်တပ်တို့ဟာ အုပ်စု အိတ်ခ်ျမှာ ဗလင်စီယာ၊ ယန်းဘွိုင်းစ်အသင်းတို့နဲ့ ကျရောက်ပါတယ်။ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်က အုပ်စု ဂျီမှာ ရိုးမား၊ စီအက်စ်ကေအေမော်စကို၊ ဗစ်တိုရီးယားပိုဇန်တို့ ယှဉ်ပြိုင်ရမှာပါ။

UEFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ခရိုအေးရှားနဲ့ ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ် ရရှိ

ခရိုအေးရှားနဲ့ ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ်ဟာ ယူအီးအက်ဖ်အေရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့ပါတယ်။ မိုဒရစ်ဟာ နောက်ဆုံးဆန်ခါတင်စာရင်းမှာ ရီးယဲလ်မက်ဒရစ် အသင်းဖော်ဟောင်း စီရော်နယ်ဒို၊ လီဗာပူး တိုက်စစ်မှူး ဆာလက်တို့နဲ့ အတူယှဉ်ပြိုင်ခဲ့ရပါတယ်။

မိုဒရစ်မှာ ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်ဖလားကို နောက်ဆုံး သုံးနှစ်ဆက်ရယူနိုင်ခဲ့သူဖြစ်ပြီး ခရိုအေးရှား အသင်းနဲ့ 2018 ကမ္ဘာ့ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာကြောင့်လည်း စီရော်နယ်ဒိုနဲ့ ဆာလက်တို့ကို ကျော်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးလိဂ် အမှတ်ပေးပြိုင်ပွဲတွင် မြဝတီအသင်း ဗိုလ်စွဲ

ဒုတိယအကြိမ်မြောက်ကျင်းပခဲ့တဲ့ အမျိုးသမီးလိဂ်အမှတ်ပေးပြိုင်ပွဲတွင် မြဝတီအသင်းမှာ ၂ နှစ်ဆက် ချန်ပီယံဆုဖလား ရရှိခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၈ ခုနှစ်အမျိုးသမီး လိဂ်အမှတ်ပေးပြိုင်ပွဲတွင် မြဝတီအသင်းနဲ့ သစ္စာအားမာန်အသင်းတို့ မှာ ရမှတ်တူညီနေခဲ့ပြီး နောက်ဆုံးပွဲစဉ်တွင် အဆိုပါ ၂သင်းတွေ့ဆုံခဲ့ပြီး မြဝတီအသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံဆုကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

ဖိုးသော်နှင့် မလေးရှား MMA ဖိုက်တာကနူးဆူးဘား ထိုးသတ်မည်

ရန်ကုန်မြို့တွင် ကျင်းပမည့် MMA ပြိုင်ပွဲတွင် မလေးရှားနိုင်ငံသား ကနူးဆူးဘားနှင့် ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်ကြောင်း ဖိုးသော်က ဆိုသည်။ 

အဆိုပါပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခု ပိုင်ရှင် အောင်လအန်ဆန်၏ ချန်ပီယံ ကာကွယ်ပွဲလည်း ပါဝင်မည်ဖြစ် သည်။ 

ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ တွေ့ဆုံစဉ် သတင်းထောက်တွေကို အနီကဒ်ပြသွားတဲ့ ထရန့်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ဥက္ကဋ္ဌဖြစ်သူ ဂီယာနီ အင်ဖန်တီနိုဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ဆွေနွေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်နဲ့ အင်္ဂါနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားကိုတော့ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ ၃ နိုင်ငံတွေ ပူးတွဲပြီး အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်တာကြောင့် ဒီပြိုင်ပွဲအတွက် အင်ဖန်တီနိုနဲ့ ထရန့်တို့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

၂၀၁၇-၁၈ ရာသီအတွက် UEFA အကောင်းဆုံးသွင်းဂိုးဆုကို စီရော်နယ်လ်ဒို ဆွတ်ခူး

ပြီးခဲ့တဲ့ရာသီအတွက် ယူအီးအက်အေရဲ့ အကောင်းဆုံးဂိုးဆုကို ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့တွင် စီရော် နယ်ဒိုသွင်းယူခဲ့တဲ့ ဂိုးက ရရှိခဲ့ကြောင်းသိရပါတယ်။

စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ရာသီက ရီးရဲလ်-ဂျူဗင်တပ်တို့တွေ့တဲ့ပွဲစဉ် မှာ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူ နိုင်ခဲ့တာဖြစ်ပါတယ်။

စီရော်နယ်ဒိုရဲ့ သွင်းဂိုးမှာ နည်းစနစ်ပိုင်းအရ လှပတဲ့ဂိုးတစ်ဂိုး ဖြစ်တာကြောင့် ဂျူဗင်တပ်ပရိသတ်များ ကပင် လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းမှ ဗာဒီနဲ့ ကာဟေးလ်တို့ အနားယူ

လက်စတာအသင်းတိုက်စစ်မှူး ဗာဒီနဲ့ ချဲလ်ဆီးနောက်ခံလူ ကာဟေးလ်တို့ဟာ အင်္ဂလန်လက်ရွေးစင် အသင်းမှ အနားယူဖို့ ဆုံးဖြတ်လိုက်ပြီလို့ သိရပြီး အဆိုပါကိစ္စကို နည်းပြဆောက်ဂိတ်ကလည်း သဘောတူလက်ခံလိုက်ကြောင်း သိရပါတယ်။ အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဗာဒီဟာ အင်္ဂလန်အတွက် ပွဲပေါင်း ၂၆ ပွဲကစားပေးခဲ့ပြီး သွင်းဂိုး ၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဂျာနယ်လစ်များ လေးစားကြရန် မန်ယူနည်းပြ မော်ရင်ဟို တောင်းဆို

အိမ်ကွင်း၌ စပါးကို သုံး ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် မန်ယူနည်းပြ မော်ရင်ဟိုက ဂျာ နယ်လစ်များအနေဖြင့် လေးစား မှုရှိကြရန် တောင်းဆိုပြီး သတင်းစာရှင်းလင်းခန်းမှ စိတ်ဆိုးမာန် ဆိုး ထွက်ခွာသွားသည်။ ယခုရလဒ်ကြောင့် မော်ရင် ဟိုသည် ၎င်း၏ နည်းပြဘဝအ တွင်း ပြိုင်ပွဲအရပ်ရပ် အိမ်ကွင်း အကြီးမားဆုံး ရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ပရီးမီးယားလိဂ်အစ သုံးပွဲတွင် ပထမအကြိမ် နှစ်ပွဲရှုံးနိမ့်မှု ကြုံတွေ့ခြင်းဖြစ်သည်။