ဂျာနယ်လစ်များ လေးစားကြရန် မန်ယူနည်းပြ မော်ရင်ဟို တောင်းဆို

အိမ်ကွင်း၌ စပါးကို သုံး ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် မန်ယူနည်းပြ မော်ရင်ဟိုက ဂျာ နယ်လစ်များအနေဖြင့် လေးစား မှုရှိကြရန် တောင်းဆိုပြီး သတင်းစာရှင်းလင်းခန်းမှ စိတ်ဆိုးမာန် ဆိုး ထွက်ခွာသွားသည်။ ယခုရလဒ်ကြောင့် မော်ရင် ဟိုသည် ၎င်း၏ နည်းပြဘဝအ တွင်း ပြိုင်ပွဲအရပ်ရပ် အိမ်ကွင်း အကြီးမားဆုံး ရှုံးနိမ့်မှုအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ပရီးမီးယားလိဂ်အစ သုံးပွဲတွင် ပထမအကြိမ် နှစ်ပွဲရှုံးနိမ့်မှု ကြုံတွေ့ခြင်းဖြစ်သည်။

ထို့အပြင် ၁၉၉၂-၉၃ နောက်ပိုင်း ပရီးမီးယားလိဂ်အစသုံးပွဲတွင် နှစ်ပွဲရှုံးနိမ့်မှုကို ပထမဆုံး တွေ့ကြုံခဲ့သည့် မန်ယူအသင်း သည် ပရီးမီးယားလိဂ်အိမ်ကွင်းရှုံးပွဲ ၅၀ ပြည့်မြောက်ခဲ့သည်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဂျာနယ်လစ်များနှင့် တွေ့ဆုံစဉ် မော်ရင်ဟိုက လက်သုံးချောင်း ထောင်ပြပြီး ယင်းမှာ မည်သည်ကို ရည်ညွှန်းသလဲဟု မေးခွန်းပြန်လည်ထုတ်ခဲ့သည်။

‘‘ကျွန်တော် ပရီးမီးယားလိဂ် ဖလား သုံးကြိမ်ရခဲ့တယ်။ အဲဒါက လက်ရှိ ကျန်တဲ့ပရီးမီးယားလိဂ် နည်းပြ ၁၉ ဦးပေါင်းထက် ကျွန်တော်တစ်ယောက်တည်းက ပရီးမီးယားလိဂ်ဖလားကို ပိုဆွတ်ခူးခဲ့တာ။ သုံးခုက ကျွန်တော့်ဟာ၊ နှစ်ခုက သူတို့ဟာ၊ ရိုသေလေးစားမှု ရှိစမ်းပါ ကိုယ့်လူရာ’’ဟု မော်ရင်ဟိုက ပြောကြားရင်း သတင်းစာ ရှင်းလင်းခန်းမှ ထသွားခဲ့သည်။

မော်ရင်ဟိုသည် ချယ်လ်ဆီး နည်းပြဘဝနှစ်ကျော့အတွင်း ပရီးမီးယားလိဂ်ဖလား သုံးကြိမ်ဆွတ်ခူးခဲ့ပြီး ကျန်နှစ်ကြိမ်ကို မန်စီးတီး နည်းပြ ဂွာဒီယိုလာက တစ်ကြိမ် နှင့် လက်ရှိ ဝက်စ်ဟမ်းနည်းပြ ပယ်လီဂရီနီ က မန်စီးတီးနှင့်အတူ တစ်ကြိမ် ဆွတ်ခူးထားသည်။

မန်ယူကွင်း၌ နောက်ဆုံးကစားခဲ့သော လိဂ်လေးပွဲစလုံး နိုင်ပွဲပျောက်ခဲ့သည့် စပါးသည် ၂၀၀၉-၁၀ က နည်းပြဟယ်ရီ ရက်ပ်စ်နောက်ပိုင်း ပရီးမီးယား လိဂ်အစ သုံးပွဲဆက် ပထမဆုံး အနိုင်ရခဲ့သည်။

‘‘ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့ အောင်မြင်မှုပါ။ အသင်းရဲ့ စွမ်းဆောင်ရည်အတွက် ကျွန်တော်သိပ်ကို ဂုဏ်ယူမိပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူကို အနိုင်ယူဖို့ ခက်ခဲပါတယ်’’ ဟု ပိုချက်တီနိုက ပြောသည်။‘ မန်ယူကို အနိုင်ရခဲ့ခြင်းက ပရီးမီးယားလိဂ်ပြိုင်ဘက်များကို အချက်ပေးခြင်း ဖြစ်ကြောင်း စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက ပြောသည်။ ထိုအတောအတွင်း မန်ယူ အနေဖြင့် နည်းပြမော်ရင်ဟိုနှင့် တစ်သားတည်း ရှိနေရန် မန်ယူ နောက်ခံလူဟောင်း ဂယ်ရီနဗီးလ် က တိုက်တွန်းသည်။

လိဂ်နှစ်ပွဲဆက်အရှုံးကြောင့် ပြီးခဲ့သည့် ဇန်နဝါရီမှ ၂၀၂၀ ပြည့်နှစ်အထိ မန်ယူ၌ ရှိနေမည့်သက်တမ်းတိုး စာချုပ်တွင် လက် မှတ်ရေးထိုးခဲ့သူ မော်ရင်ဟို အနေဖြင့် ဖိအားများ ပိုများလာသည်။

—Ref: BBC/Reuters