လီဗာပူးလ်နဲ့ ချယ်လ်ဆီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံတဲ့ လိဂ်ဖလား တတိယအဆင့်ပွဲစဉ်များ

လိဂ်ဖလား (ကာရာဘောင်ဖလား) ပြိုင်ပွဲရဲ့ တတိယအဆင့်မဲခွဲပွဲကို သြဂုတ် ၂၀ ရက်က ပြုလုပ်ကျင်းပသွားခဲ့ရာ ပရီးမီးယားလိဂ်အသင်းကြီးနှစ်သင်းဖြစ်တဲ့ လီဗာပူးလ်နှင့် ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အန်ဖီးလ်မှာ ကစားရမှာဖြစ်ပါတယ်။

လိဂ်ဖလားလက်ရှိချန်ပီယံ မန်စီးတီးအသင်းမှာ အောက်စ်ဖို့ဒ်အသင်းနဲ့ တွေ့ဆုံခဲ့ပြီး မန်ယူအသင်းကတော့ အိမ်ကွင်းမှာ ဖရန့်လမ်းပတ်ကိုင်တယ်နေတဲ့ ဒါဘီကောင်တီအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

စပါးအသင်းကတော့ ပရီးမီးယားလိဂ်ပြိုင်ဘက် ဝက်ဖို့ဒ်အသင်းနဲ့ တွေ့ဆုံနေပြီး အိမ်ကွင်းမှာ လက်ခံကစားရမှာ ဖြစ်ပါတယ်။ လိဂ်ဖလား တတိယအဆင့်ပွဲစဉ်တွေကို လာမယ့် စက်တင်ဘာလ ၂၄ ရက်နေ့မှာ စတင်ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

လိဂ်ဖလားတတိယအဆင့်ပွဲစဉ်များ

ဝက်စ်ဘရွန်း vs ခရစ္စတယ်ပဲလေ့စ်

အာဆင်နယ် vs ဘရန့်ဖို့ဒ်

ဘာတန် vs ဘန်လေ

ဝိုင်ကမ်ဘီ vs နောဝစ်ခ်ျ

အောက်စ်ဖို့ဒ် vs မန်စီးတီး

ဝက်စ်ဟမ်း vs မက်ကလက်ဖီးလ်

မီလ်ဝေါ vs ဖူလ်ဟမ်

လီဗာပူးလ် vs ချယ်လ်ဆီး

ဘုန်းမောက် vs ဘလက်ဘန်း

ပရက်စတန် vs မစ်ဒယ်ဘရော့

ဝုလ်ဗ် vs လက်စတာ

စပါး vs ဝက်ဖို့ဒ်

ဘလက်ပူးလ် vs QPR

အဲဗာတန် vs ဆောက်သမ်တန်

မန်ယူ vs ဒါဘီ

နော်တင်ဟမ်ဖောရက်စ် vs စတုတ်စီးတီး

-Ref; Sky sports