ဖိုးသော်နှင့် မလေးရှား MMA ဖိုက်တာကနူးဆူးဘား ထိုးသတ်မည်

ရန်ကုန်မြို့တွင် ကျင်းပမည့် MMA ပြိုင်ပွဲတွင် မလေးရှားနိုင်ငံသား ကနူးဆူးဘားနှင့် ယှဉ်ပြိုင်ထိုးသတ်မည် ဖြစ်ကြောင်း ဖိုးသော်က ဆိုသည်။ 

အဆိုပါပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ ခါးပတ်နှစ်ခု ပိုင်ရှင် အောင်လအန်ဆန်၏ ချန်ပီယံ ကာကွယ်ပွဲလည်း ပါဝင်မည်ဖြစ် သည်။ 

မလေးရှား MMA ဖိုက်တာ ကနူးဆူးဘားနှင့် စိန်ခေါ်ပွဲထိုး သတ်ရန် One Championship နှင့် တရားဝင် စာချုပ်ချုပ်ဆိုပြီး ကြောင်း MMA ကစားသမားဖိုး သော်က ပြောသည်။ 

‘‘ကျွန်တော် ပထမတစ် ခေါက်ကတည်းက မျက်လုံးဒဏ်ရာရသွားလို့သာ မထိုးဖြစ်တာပါ။ ဒါ ကြောင့် One က ကျွန်တော့်ကို အခု နောက်တစ်ပွဲပေးတာပါ။ ပထမတုန်းက သူတို့စီစဉ်တာက အမေရိကန်နိုင်ငံသားနဲ့ပါ။ သူက ဒဏ်ရာရသွားလို့ ဆူးဘားနဲ့ ပြန် ချိတ်ပေးတာပါ။ ပြိုင်ပွဲအတွက် နေ့တိုင်း ကြိုးစားပြင်ဆင်နေ တယ်။ အားနည်းချက်တွေကို ပြု ပြင်ထားတယ်။ ဆူးဘားက ကျွန် တော့ထက် အတွေ့အကြုံပိုရှိ တယ်။ အသက်ငယ်တယ်။ ကစား သမားကောင်းတွေကို သူနိုင်ထား တယ်။ ဒါကြောင့် ဒီပွဲက အရင်ထက် ပိုခက်ခဲမယ်။ ဒါပေမဲ့ အနိုင်ရဖို့တော့ Game Plan လည်း ဆွဲထားပါတယ်’’ဟု ဖိုးသော်က ဆိုသည်။ 

ဆူးဘားနှင့်ပွဲမတိုင်မီ ပြင် ဆင်မှုအဖြစ် ကမ္ဘောဒီးယားနိုင်ငံ တွင် တစ်လခန့် သွားရောက်လေ့ ကျင့်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ အသက်(၂၄)နှစ်အရွယ် မလေးရှားနိုင်ငံသား ဆူးဘား သည် MMA ပြိုင်ပွဲတစ်လျှောက် ကိုးပွဲယှဉ်ပြိုင်ပြီး ခြောက်ပွဲနိုင်၊ သုံးပွဲရှုံးနိမ့်ထားသည်။ 

ဆူးဘားသည် ဇူလိုင် ၁၃ ရက်တွင် နောက်ဆုံးထိုးသတ်သည့် MMA ပြိုင်ပွဲ၌ တရုတ်နိုင်ငံသား ချာဟိုင်းကို ပထမအချီအတွင်း အလဲထိုးဖြင့် အနိုင်ရထားသည်။ 

(၃၃)နှစ်အရွယ် ဖိုးသော်သည် MMA ပြိုင်ပွဲတစ်လျှောက် ပြည်တွင်းကစားသမားများနှင့် ငါးပွဲ၊ ပြည်ပကစားသမားနှင့် တစ်ပွဲ ယှဉ်ပြိုင်ထိုးသတ်ထားကာ ရှုံးပွဲမရှိသေးဘဲ ခြောက်ပွဲစလုံး အနိုင်ရရှိထားသည်။ ဖိုးသော်သည် ဖေဖော်ဝါရီ ၂၃ ရက်က နောက်ဆုံးထိုးသတ်သည့် MMA ပြိုင်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံသား ဆိုဆေးကို ပထမအချီအတွင်း ခြေကန်ချက်ဖြင့် အနိုင်ရထားသည်။

 7Days