ယူအီးအက်ဖ်အေကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းတွင် စီရော်နယ်ဒိုရဲ့ဂိုးပါဝင်

ပြီးခဲ့တဲ့ရာသီ ယူအီးအက်ဖ်အေရဲ့ အကောင်းဆုံး သွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းကို ထုတ်ပြန်လိုက်ရာ အဲဒီထဲမှာ စီရော်နယ်ဒိုရဲ့သွင်းဂိုးလည်း ပါဝင်နေပါတယ်။

အဲဒီပေါ်တူဂီကြယ်ပွင့်ဟာ သူ့ရဲ့အသင်းသစ်ဖြစ်လာတဲ့ ဂျူဗင်တပ်နဲ့ ဆုံတွေ့ခဲ့တဲ့ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ ရီးရဲလ်အတွက် နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး အဲဒါက မဲပေးရွေးချယ်ရမယ့် ဆန်ခါတင် ၁၁ ဂိုး ထဲမှာ ပါလာခဲ့တာပါ။

ယူအီးအက်ဖ်အေက ကမကထပြုကျင်းပတဲ့ပြိုင်ပွဲတစ်ခုချင်းစီက တစ်ဂိုးကိုသာ ဆန်ခါတင်ရွေးတာဖြစ်လို့ သူ့ရဲ့ အသင်းဖော်ဟောင်း ဂါရတ်ဘေးလ်သွင်းခဲ့တဲ့ဂိုးတော့ ပါမလာခဲ့ပါဘူး။ ဂါရတ်ဘေးလ်ကလည်း ပြီးခဲ့တဲ့ လီဗာပူးနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ စီရော်နယ်ဒိုလိုပဲ နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းခဲ့တာပါ။ ယူအီးအက်ဖ်အေ အကောင်းဆုံး သွင်းဂိုးဆုအတွက် ဆန်ခါတင် စာရင်းထဲမှာ မာဆေးက ပေယတ်၊ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်တို့ရဲ့ သွင်းဂိုးတွေလည်း ပါဝင်နေပါတယ်။

ပရိသတ်တွေအနေနဲ့ ယူအီးအက်ဖ်အေ၀က်ဘ်ဆိုဒ်မှာ သွင်းဂိုးတွေ အားလုံးကို ကြည့်နိုင်ပြီး သူတို့ကြိုက်တဲ့ ဂိုးအတွက် မဲပေး ရွေးချယ်ပေးရမှာပါ။ ပြီးခဲ့တဲ့နှစ်ကတော့ အဲဒီဆုကို ဂျူဗင်တပ်က မန်ဇူကစ်ကရခဲ့ပြီး ၂၀၁၅ နဲ့ ၂၀၁၆ တုန်းကတော့ မက်ဆီက ၂ နှစ်ဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။

-Ref; UEFA