ရာသီအသစ်၊ ကားအသစ်နဲ့ မန်ယူတိုက်စစ်မှူး လူကာကူ

အင်္ဂါနေ့က မန်ယူအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ကစားသမားတွေရောက်လာခဲ့ကြရာမှာ တိုက်စစ်မှူး လူကာကူကတော့ သူ့ရဲ့ မာစီဒီးကားအသစ်ကို ပထမဆုံးအကြိမ်ပွဲထုတ်ခဲ့ပါတယ်။

လက်စတာကို 2-1 နဲ့အနိုင်ယူကာ ဘောလုံးရာသီသစ် စတင်ခဲ့ပြီးဖြစ်လို့ လူကာကူကလည်း ရာသီသစ်မှာ စိတ်သစ်၊ လူသစ်နဲ့ တိုက်ပွဲဝင်ဖို့အတွက် ကားအသစ်ပါပြောင်းလဲလိုက်ပုံရပါတယ်။

လူကာကူရဲ့ကားအသစ်က Mercedes AMG-GT Coupe ဖြစ်ပြီး ပေါင် 102,030 တန်ကြေးရှိပါတယ်။ ဗြိတိန်မှာလည်း ပေါင် 1 သိန်းကျော်ဆိုတာက သာမန်လူတွေအတွက်တော့ များပြားတဲ့ပမာဏပါ။

ဒါပေမဲ့ မန်ယူအသင်းမှာ တစ်ပတ်လစာပေါင် 2 သိန်းနဲ့ 2022 ခုနှစ်အထိ စာချုပ်ရှိထားတဲ့ လူကာကူအတွက်တော့ အဲဒါက 4 ရက်စာ လုပ်အားခလောက်ပဲရှိပါတယ်။

လူကာကူရဲ့ကားဟာ မာစီဒီးရဲ့ နောက်ဆုံးပေါ်ဒီဇိုင်းသစ်ဖြစ်ပြီး Sports Type ဖြစ်တာကြောင့် 0 ကနေ 60 mph ကို ရောက်ဖို့ 3.7 စက္ကန့်ပဲ အချိန်ယူရတယ်လို့ဆိုပါတယ်။

90Minutes