အုတ်တွင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးဝင်းမြင့် ကုန်းသာယာကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံ

 

အုတ်တွင်း အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီးအုတ်တွင်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့် သည် တောင်ငူမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်မောင်စိုးနှင့် ခရိုင်၊ မြို့နယ် ကော်မတီဝင်များနှင့်အတူ ယမန်နေ့ နံနက် ၁ဝနာရီကျော်တွင် တောပု ကျေးရွာအုပ်စု ကုန်းသာယာကျေး ရွာနေ ဦးတင်မောင်ထွေးနေအိမ်၌ ဒေသခံမဲဆန္ဒရှင်ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ ညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

16-10-2018 ပေါင်းတည်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပမည့် အမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ ကို ယနေ့နံနက်ပိုင်းကပြည်ခရိုင် ပေါင်းတည်မြို့ ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းပါတီကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ထားထားနု၊ တိုင်းပါတီကော်မတီဝင်ဦးသန်းဇော်ထွန်း နှင့်ပြည်ခရိုင် ပါတီအတွင်းရေးမှူးဒေါ်ဆွေဆွေသင်း ခရိုင်ကော်မတီဝင်ဦးအေးကျော်နှင့်မြို့နယ်ပါတီဥက္ကဌဦးအောင်နိုင်ဦးနှင့်ကော်မတီဝင်များ ပါတီအဆင့်ဆင့်မှတာဝန်ရှိသူများ ပါတီဝင်အမျိုးသမီးထုနှင့်ပါတီဝန်းရံသူများတက်ရောက်ခဲ့ကြသည်။

ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးရေးရာညီလာခံအကြိုညှိနှိုင်းနှီးနှောဖလှယ်ပွဲကျင်းပ

 

၁၄. ၁၀. ၂၀၁၈​နေ့ နံနက်​ ၉နာရီအချိန်​ ပဲခူးတိုင်း​ဒသကြီးအ​နာက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ပြည်​မြို့နယ်​ ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအား ကျင်းပခဲ့ရာ အခမ်းအနားတက်​​ရောက်​လာ​သော အမျိုးသမီးကိုယ်​စားလှယ်​များအား ပြည်မြို့နယ်​​အမျိုးသမီး​ရေးရာတာဝန်​ခံမှ ပန်းကုံးစွပ်​ကြိုဆိုပြီး အခမ်းအနားသို့တိုင်းပါတီအတွင်း​ရေးမှူးဦး​ကျော်​​ကျော်​လင်းနှင့်​တိုင်းပါတီ​ကော်​မတီဝင်​များ၊ ပြည်​ခရိုင်​ပါတီဥက္ကဌနှင့်​ ​ခရိုင်​​ကော်​မတီဝင်​များ၊ပြည်​မြို့နယ်​အတွင်း​ရေးမှူးနှင့်​မြို့နယ်​​ကော်​မတီဝင်​များ၊ ရပ်​​ကျေးဥက္ကဌများ၊NGO အဖွဲ့အစည်းများ နှင့်​ အမျိုးသမီးကိုယ်​စားလှယ်​များ တက်​​ရောက်​ခဲ့ပါသည်​။အဆိုပါအခမ်းအနားကို အပိုင်း ၃ ပိုင်းဖြင့်​ကျင်းပခဲ့ပြီးတိုးင်းအမျိုးသမီး​ရးရာတာဝန်ခံ​ဒ်ါထားထားနုက ညီလာခံကျင်းပရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခြင်း၊ ခရိုင်ပါတီဥက္ကဌဦး​အာင်​ဇာ်​ဌးကအဖွင့်အမှာစကားပြောကြားခြင်း၊မြို့နယ်အတွင်း​ရးမှူး ဒေါ်သင်းသင်း​ဆွေက အမှာစကား​ပြပြာကြားခဲ့ပါတယ်။

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန် လပတ်အစည်းအဝေး ပြုလုပ်

 

(15-10-2018) ရက်နေ့ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန် လပတ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး မြို့နယ် ဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်းက ပါတီစည်းရုံးရေးကိစ္စရပ်များ ၊ ဗဟိုပါတီ၏ လမ်းညွှန်မှာကြားမှုများ နှင့် ကြားဖြတ်ရွေးကောက်ပွဲ ပါဝင်သည့် အုတ်တွင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့် ရွေးကောက်ပွဲအောင်နိုင်ရေး ကူညီဆောင်ရွက်ပေးရေးတို့အတွက် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေး တက်ရောက်လာကြသော ရပ်ကျေးဥက္ကဋ္ဌများနှင့် ပါတီဝင်များကို ရွှေကသစ် ရေခဲမုန့် နှင့် နန်းစိန်ကိတ်တို့ဖြင့် ဧည့်ခံကျွေးမွေး ခဲ့ပါသည်။

မင်းလှ၌ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအောင်မြင်စွာကျင်းပ

 

မင်းလှ အောက်တိုဘာ ၁၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူးကျင်းပသော ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ် ပွဲအခမ်းအနားကို မင်းလှပြည်ခိုင် ဖြိုးပါတီ ရုံးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက အစီ အစဉ်သုံးရပ်ဖြင့် ကျင်းပခဲ့ကြောင်း သိရ သည်။

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင်​ဖွံ့ဖြိုး​ရေးပါတီ တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​​လောင်း ဦးဝင်းမြင့် ပိ​တောက်​ခင်​​ကျေးရွာ ပြည်​သူများနှင့်​တွေ့ဆုံပွဲသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး ဦးပိုက်​​ထွေးနှင့်ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းတို့ လာ​ရောက်​အားဖြည့်

 

အမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် ဇီးကုန်းပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအကြိုနှီးနှောဖလှယ်ပွဲပြုလုပ်

 

10-10-2018 ဇီးကုန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးပြီးကျင်းပပြုလုပ်မည့် အမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးရေးရာညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားအား ယနေ့ နံနက် (၀၉၃၀)နာရီခန့်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအတွင်းရှိ အမျိုးသမီးများ၏ အကျိုးစီးပွား၊ တန်းတူအခွင့်အရေး၊ လုံခြုံရေးဆိုင်ရာများ၊ တရားဥပဒေရေးရာကိစ္စရပ်များအား တက်ရောက်လာသူများမှ ဆွေးနွေးကာ စာတမ်းပြု
လုပ်ခဲ့ကြောင်းသိရှိရပါသည်။

ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးစည်းဝေး

 

မင်းလှ အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အဆင့် အမျိုးသမီး ညီလာခံအကြိုနှီးနှောဖလှယ်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအစည်း အဝေးကို ယမန်နေ့က ကျင်းပသည်။

အစည်းအဝေးတွင် သာယာဝတီခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူးဦးဇော်ဝေလင်းကဗဟိုအမျိုးသမီးညီလာခံအောင်မြင်စွာကျင်းပ နိုင်ရန်၊ ပါတီဝင်များစည်းလုံးစွာ ဆောင်ရွက်ကြရန်တိုက်တွန်းအမှာ စကားပြောကြားပြီး မြို့နယ်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးထက်ဝင်းက ဗဟိုအမျိုးသမီးညီလာခံတွင်အခမ်းအနားအစီအစဉ် များကြိုတင်ဆောင်ရွက်ထားရှိမှုနှင့်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ အားဆွေးနွေးပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် သဲကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးရေးရာအကြိုညီလာခံကျင်းပပြုလုပ်

 

8-10-2018 သဲကုန်းမြို့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်မည့် အမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် သဲကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးရေးရာအကြိုညီလာခံအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ပြည်ခရိုင်၊သဲကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် အမျိုးသမီးရေးရာအကြိုညီလာခံအားယနေ့နံနက် ၉ နာရီတွင် နိုင်ငံတော်သီချင်းသီဆိုပြီး အခမ်းအနားအားစတင်ဖွင့်လှစ်ကာ အမျိုးသမီးတို့ဘ၀တိုးတက်ရေး၊ အမျိုးသမီးတို့၏ဘ၀လုံခြုံရေး၊ အမျိုးသမီးတို့အတွက်ဘ၀မြှင့်တင်ရေးလုပ်ငန်းဆိုင်ရာကိစ္စများအား ဆွေးနွေးခဲ့ကြပါသည်။

ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် လက်ပံတန်းပြည်ခိုင်ဖြိုး လုပ်အားဒါနပြုလုပ်

 

8-10-2018 လက်ပံတန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်မည့် အမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် လက်ပံတန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်အားဒါနတစ်ခုကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါလုပ်အားဒါနပြုလုပ်ပွဲကို ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သရောင်းပြင်အုပ်စု၊ သရောင်းပြင်ကျေးရွာရှိ ဇိနမာရ်အောင်ဘုရားဝန်အတွင်းရှိ ခြုံနွယ်ပိတ်ပေါင်းများ၊ မြက်များ၊ ဘုရားဝန်းပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီကော်မတီဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများက လုပ်အားဒါနများ ပြုလုပ်ခဲ့ကြပါသည်။