ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့် ပိတောက်ခင်ကျေးရွာ ပြည်သူများနှင့်တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းတို့ လာရောက်အားဖြည့်
၂၀၁၈ အောက်တိုဘာလ ၁၁ ရက် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သည် ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ လိုက်ပါ၍ ယနေ့နံနက် (၁၀:၀၀) နာရီအချိန် ကြက်တက်ညောင်ပင်ကျေးရွာအုပ်စု ပိတောက်ခင်ကျေးရွာ ဦးလှစိုးနေအိမ်၌ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံပါသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအထွေအတွင်းရေးမှူး ဦးပိုက်ထွေးမှ ရွေးကောက်ပွဲများသည် ငါးနှစ်တစ်ကြိမ်ပြုလုပ်နေမှာဖြစ်ပြီး အနိုင်အရှုံးဆိုတာ ရှိနေမည်ဖြစ်ကြောင်း စားဝတ်နေရေးသည် မိမိတို့အနေဖြင့် လုပ်ကိုင်မှ စားသောက်ရမည်ဖြစ်ကြောင်းမိမိတို့ပါတီအနေဖြင့် တိကဝတ်တွေမပေးသော်လည်း ပြည်သူတွေ
အနေဖြင့် အရွေးမမှားအောင် ရွေးချယ်တတ်ဖို့ လိုအပ်ကြောင်း ပါတီစည်းရုံးရေးအတွက် MRTV မှထုတ်လွှင့်ခဲ့စဉ်က အချက် (၁၀) ချက်ကို ဖြည့်ဆီးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပါသည် ။
ဗဟိုကော်မတီ ပဲခူးတိုင်းတွဲဘက်တာဝန်ခံ ဦးလှသိန်းမှ ကလေးသူငယ်များအား ပညာရေးမြင့်မားစေရန်ဆောင်ရွက်ပေးသင့်ကြောင်း မိမိတို့အား တာဝန်ခံဆောင်ရွက်ပေးမည့်သူများအား ရွေးချယ်ရာတွင် လူမှန် နေရာမှန် ဖြစ်အောင်ရွေးချယ်ရန် လိုအပ်ကြောင်း သို့မှသာ ပြည်သူများ၏စီးပွားရေးဘဝ ဖွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဘာသာရေးနှင့်ပတ်သက်၍ မိမိတို့ဘာသာသာသနာအား စောင့်ရှောင်ရန် လိုအပ်ကြောင်း အခြားဘာသာများကိုလည်း လွတ်လပ်စွာကိုးကွယ်ခွင့်ပေးအပ်ထားကြောင်း ထို့အပြင် မိမိတို့ပါတီအနေဖြင့် အချုပ်အခြာအာဏာနှင့် နယ်နိမိတ် လုံးဝအရှုံးဆုံးမခံကြောင်း လက်ရှိအခြေအနေထက် ကောင်းမွန်သော အခြေအနေတစ်ရပ်အား ဖန်တီးပေးမည်ဖြစ်ကြောင်း
ဆွေးနွေးပါသည် ။
၎င်းနောက် အုတ်တွင်းမြို့နယ် အမှတ် (၁) နယ်မြေ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်က မဲဆန္ဒရှင်ပြည်သူများအားနှုတ်ခွန်းဆက်စကားပြောကြားပြီး မိမိသည်မဲဆန္ဒရှင် ပြည်သူများ၏ ကြုံတွေ့နေ
သောအခက်ခဲများ သဘောထားဆန္ဒများကို အလေးထားပြီး ဆောင်ရွက်ပေးလိုကြောင်း လုပ်ဆောင်ရန် ကျန်ရှိနေတဲ့ လုပ်ငန်းရပ်များကိုလည်း ပြန်လည်အကောင်ထည် ဖော်လိုကြောင်း သို့ဖြစ်ပါ၍ မိမိကို ယုံကြည်စွာဖြင့် မဲပေးကြရန် စည်းရုံး ဟောပြောပါသည်။
တွေ့ဆုံပွဲ၌ ခရိုင်ပါတီကော်မတီဝင် ဦးလွင်မြင့်က မဲပေးရမည့် နေ့ရက် အချိန်များ မဲပေးပုံနည်းစနစ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။တွေ့ဆုံ ပွဲကို နေ့လည် ၁၂း၄၅ အချိန် ရုပ်သိမ်းခဲ့ပါသည်။ မဲဆန္ဒရှင် ပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း တွေ့ဆုံပွဲကို ပဲခူးတိုင်းဒေသကြီး တိုင်းကော်မတီဝင် ဦးကျော်ဌေးနှင့် တောင်ငူမြို့နယ်ဥက္ကဋ္ဌ ဦးမောင်မောင်စိုးနှင့်အဖွဲ့ဝင်များလည်း လိုက်ပါ ကူညီဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည် ။
နေကာယံ(အုတ်တွင်း)