ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် သဲကုန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးရေးရာအကြိုညီလာခံကျင်းပပြုလုပ်

 

8-10-2018 သဲကုန်းမြို့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျင်းပပြုလုပ်မည့် အမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် သဲကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးရေးရာအကြိုညီလာခံအခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ပြည်ခရိုင်၊သဲကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုးသမီးရေးရာညီလာခံအား ကြိုဆိုသည့်အနေဖြင့် အမျိုးသမီးရေးရာအကြိုညီလာခံအားယနေ့နံနက် ၉ နာရီတွင် နိုင်ငံတော်သီချင်းသီဆိုပြီး အခမ်းအနားအားစတင်ဖွင့်လှစ်ကာ အမျိုးသမီးတို့ဘ၀တိုးတက်ရေး၊ အမျိုးသမီးတို့၏ဘ၀လုံခြုံရေး၊ အမျိုးသမီးတို့အတွက်ဘ၀မြှင့်တင်ရေးလုပ်ငန်းဆိုင်ရာကိစ္စများအား ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအမျိုးသမီးရေးရာအကြိုညီလာခံသို့ တိုင်းအတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တိုင်းပါတီကော်မတီဝင် ဒေါ်ထားထားနု၊ ဦးစိုးအောင်၊ ခရိုင်ပါတီဥက္ကဌဦးအောင်ဇော်ဌေးနှင့်အတွင်းရေးမှူးကော်မတီဝင်များ မြို့ နယ်အမျိုးသမီးရေးရာပါတီဝင်များ ဖိတ်ကြားထားသောဧည့်များ ပါတီဝင်များတက်ရောက်ကြပါသည်