ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ​ရွှေကျင်​မြို့နယ်​ရှိ ​ရေလွှမ်းမိုးခြင်းခံရ​သော​ကျေးရွာများသို့ ​ထောက်​ပံ့​ရေးပစ္စည်းများလှူဒါန်း ​ပေးအပ်

 

သြဂုတ်​ ၂၂

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည်​ ပါတီအ​ထွေ​ထွေအတွင်း​ရေးမှူး ဦးသက်​နိုင်​ဝင်း၊ ပါတီိဗဟိုအလုပ်​အမှု​ဆောင်​ ပဲခူးတိုင်း​ဒေသကြီးတွဲဖက်​တာဝန်​ခံ ဦးလှသိန်း၊ ဗဟိုအလုပ်​အမှု​ဆောင်​ ​ဒေါက်​တာပွင့်​ဆန်း၊ ဗဟို​ကော်​မတီဝင်​ ​ဒေါက်​တာ နန္ဒာလှမြင့်​၊ ​ဒေါ်နီနီမာ တို့လိုက်​ပါလျှက်​ ယ​နေ့ မွန်းလွဲ ၁ နာရီအချိန်​တွင်​​ရွှေကျင်​မြို့နယ်​တွင်း စစ်​​တောင်းမြစ်​​ရေကြီးမှု​ကြောင့်​ ​ရေလွှမ်းမိုးခြင်းခံရ​သော ကျွန်းတဲစုရွာ၊ စံဖဲရွာ၊ ​ညောင်​အိုင်​ရွာများရှိ မိဘပြည်​သူများအား ​ထောက်​ပံ့​ရေးပစ္စည်းများအား ကူညီ​ထောက်​ပံ့​ပေးခဲ့​သည်​။

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ဦးသန်းဌေး ညောင်လေးပင်မြို့နယ်အတွင်းရှိ ပါတီဝင်ပြည်သူများနှင့်တွေ့ဆုံဆွေးနွေး

 

ညောင်လေးပင်၊သြဂုတ်၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ၊ ဦးသန်းဌေးနှင့် ပါတီ ဗဟိုအလုပ်အမှူဆောင်များ၊ဗဟိုကော်မတီဝင်များ၊ပဲခူးတိုင်းပါတီအတွင်းရေးမှူးနှင့်တိုင်းပါတီကော်မတီဝင်များ၊ခရိုင်၊မြို့နယ်များမှတာဝန်ရှိသူများ၊သီဟသွေးလူငယ်များ၊ရပ်၊ကျေးပါတီအဆင့်ဆင့်မှတာဝန်ရှိသူများနှင့်သြဂုတ်လ၂၂ ရက်နေ့နံနက် ၁၀ နာရီအချိန်၌ ညောင်လေးပင်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ ဆောင်တွင်တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲတွင်ပါတီဥက္ကဋ္ဌဦးသန်းဌေးမှနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက် ညောင်လေးပင်မြို့နယ်ပါတီ၏ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ကော်မတီဝင်များမှ ပါတီဥက္ကဋ္ဌအားပါတီ၏ရပ်/ကျေး အခြေအနေပါတီဝင်ထုစည်းရုံးရရှိထားမှူအခြေအေနေ ပါတီတွင်းမြို့နယ် ရပ်/ကျေး ပါတီစည်းလုံးညီညွတ်မှူအခြေအနေများအပေါ်သိရှိလိုသည်များမေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ရပ်/ကျေးပါတီဥက္ကဋ္ဌများမှပါတီ၏အခြေအနေ ရှင်းလင်းခဲ့ပြီးပါတီဥက္ကဋ္ဌမှပါတီလက်ရှိဆောင်ရွက်နေသောလုပ်ငန်းစဉ်များ ချမှတ်ထားသောမူဝါဒ၊ရည်မှန်းချက်များအားအကောင်အထည်ဆောင်ရွက်နေမှူအခြေအနေများအားတက်ရောက်လာသူများအားချပြရှင်းလင်းခဲ့ပြီး ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအားလမ်းညွန်မှာကြားခဲ့ပြီးနောက်တက်ရောက်လာကြ
သောပါတီဝန်းရံသူမြို့မိ/မြို့ဖများ၊ပါတီနာယကများ၊ပါတီဝင်များ၊ပါတီလူငယ်များ၏တင်ပြချက်များအပေါ်ပါတီဥက္ကဋ္ဌမှပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန်ပါတီတာဝန်ရှိသူများအားလမ်းညွှန်မှာကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီဟာ ဘယ်အချိန်ပဲရောက်ရောက် အမျိုးသားအကျိုးစီးပွားအတွက်ကို ရှေ့တန်းကရပ်ဆောင်ရွက်နေတဲ့ပါတီအမျိုးသားရေးကိုသစ္စာမဖောက်ဟု ပါတီဗဟိုအလုပ်အမှုဆောင်ပြောကြား

 

ပဲခူး သြဂုတ် ၂ဝ

ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး တွဲဖက်တာဝန်ခံဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညီညီမြင့်နှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ခရိုင်ကော်မတီဝင်များ၊ ကဝမြို့နယ်ပါတီဥက္ကဋ္ဌဦးမျိုးမြင့်နှင့် မြို့နယ်ကော်မတီများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ကဝမြို့နယ်ရှိ ရေဘေးသင့်ဒေသများဖြစ်သော ငှက်ကျော်၊ ကံလှ၊ ကမ်းပြို၊ စာဖြူစုကျေးရွာများသို့သွားရောက်၍ ရေဘေးသင့်အိမ်ခြေ ၁၇၆ လုံးတွင်နေထိုင်ကြသော ပြည်သူများထံသို့ ဆန်နှင့်ဆီများ သွားရောက်လှူဒါန်း ကြသည်။

ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လစဉ်ပုံမှန် လပတ်အစည်းအဝေး ပြုလုပ်

 

(15-8-2018) ရက်နေ့ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လစဉ်ပုံမှန် လပတ်အစည်းအဝေး ပြုလုပ်ခဲ့ပြီး မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းမြင့်ထွန်းက ပါတီစည်းရုံးရေးကိစ္စရပ်များ ၊ တောင်သူလယ်သမားရေးရာကိစ္စရပ်များ ၊ အမျိုးသမီးရေးရာ တွေ့ဆုံပွဲပြုလုပ်နိုင်ရေး နှင့် ဗဟိုပါတီ ၏ လမ်းညွှန်မှာကြားထားမှုများကို ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေး တက်ရောက်လာကြသော ရပ်ကျေး ဥက္ကဋ္ဌများနှင့် ပါတီဝင်များကို ကော်ဖီ နှင့် မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်နှင့် မြို့နယ်ပါတီအဖွဲ့တို့ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး

 

အုတ်တွင်း သြဂုတ် ၁၄

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ပဲခူးတိုင်းဒေသကြီး တွဲဖက်တာဝန်ခံ ဦးလှသိန်းသည် တိုင်းအတွင်းရေးမှူးဦးညီညီမြင့်နှင့် တိုင်းကော်မတီဝင်များ၊ တောင်ငူ ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူး ဦးလှဆွေတို့ လိုက်ပါလျက် အုတ်တွင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံး၌ယမန်နေ့ ညနေ၅နာရီက မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးလွင်မင်းသိန်း နှင့် မြို့နယ်ကော်မတီဝင်များအား တွေ့ဆုံကာ ပါတီ၏ရှေ့လုပ်ငန်းစဉ် များ၊ လက်ရှိနိုင်ငံရေးအခြေအနေ များကို ရှင်းလင်းပြောကြား ဆွေး နွေးခဲ့ကြသည့်အပြင် မြို့နယ်ကော် မတီဝင်များ၏ တင်ပြချက်များကို လည်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အာဏာမရှိလည်း ပြည်သူ့ဒုက္ခကိုလက်ပိုက်ကြည့်နေမည့်ပါတီမဟုတ်ဘူး ဟုပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ပြောကြား

 

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ကျောက်ကြီးမြို့နယ် စစ် တောင်းမြစ်ကမ်းနံဘေးရှိ ရေဘေး သင့်ကျေးရွာများအား ပြည်ခိုင်ဖြိုး ပါတီ တာဝန်ရှိသူများက နေ့စဉ် ထောက်ပံ့ကူညီလှူဒါန်းပေးလျက် ရှိသည်။

ရေတိုက်စားခြင်းကြောင့် ပျက်စီးသွားသောကျေးလက်လမ်းပြန်လည်ပြုပြင်ရန် ပဲခူးတိုင်းပြည်ခိုင်ဖြိုးပါတီမှ အလှူငွေများလှူဒါန်း

 

ပဲခူး သြဂုတ် ၁၃

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ် အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းတွဲဖက်တာ ဝန်ခံ ဦးလှသိန်းသည် တိုင်းဒေသ ကြီးပြည်ခိုင်ဖြိုးပါတီအတွင်းရေး မှူးဦးညီညီမြင့်၊ ပဲခူးခရိုင်ဥက္ကဋ္ဌ ဦးအောင်စိုး၊ ဝေါမြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဦးမောင်ယု၊အတွင်း ရေးမှူး ဦးသက်တိုးဝင်းတို့နှင့်အတူ ဝေါမြို့နယ် မြစ်ကျိုး-ဆင်ရွာကျေး ရွာသို့သွားရောက်ပြီး စစ်တောင်း မြစ်ရေတိုက်စားမှုကြောင့် ပျက်စီး သွားသော မြစ်ကျိုး-ဆင်ရွာသွား လမ်းအား ပြန်လည်ပြုပြင်ရန် အတွက်ယမန်နေ့နံနက်ပိုင်းကအလှူ ငွေကျပ်သိန်း ၃ဝ ကို ကျောင်းထိုင် ဆရာတော်အား အမှူးထားပြီး လမ်းကော်မတီထံပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်နှင့် တိုင်းဒေသကြီး ခရိုင် မြို့နယ် ကော်မတီဝင်များ ရေဘေးသင့်ပြည်သူများထံသွားရောက်လှူဒါန်း

 

ပဲခူး သြဂုတ် ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး တွဲဖက်တာဝန်ခံဦးလှသိန်း၊ ဗဟိုကော်မတီဝင် ဦးသက်ထွန်းတို့သည် တိုင်းဒေသကြီးအတွင်းရေးမှူးဦးညီညီမြင့်နှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ တောင်ငူခရိုင်အတွင်းရေးမှူးဦးလှဆွေ၊ ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှဘုန်းနှင့် မြို့နယ်ကော် မတီများနှင့်အတူ ယနေ့နံနက်ပိုင်းက နတ်သံကွင်းအုပ်စု သပြေကုန်း ကျေးရွာနှင့်ရေလဲကျေးရွာအုပ်စု ရေလဲကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု ၄၅ဝ ကျော်တို့အား ငါးသေတ္တာ၊ ဆီ၊ ရေသန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆပ်ပြာမှုန့်နှင့် ခေါက်ဆွဲခြောက်ထုပ်များအား သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် မြို့နယ်ပါတီကော်မတီဝင်များတွေ့ဆုံပွဲပြုလုပ်

 

နတ်တလင်း သြဂုတ် ၁၂

ပဲခူတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့ ရွာမရပ် ကွက် ရန်ကုန်-ပြည်လမ်းရှိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက တိုင်း ဒေသကြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး(ဗဟိုကော်မတီဝင်)၊ တိုင်းကော်မတီဝင် ဦးသန်းဇော် ထွန်း၊ ဦးစိုးအောင်၊ ဒေါ်ထား ထားနု၊ ခရိုင်ပါတီကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊အတွင်းရေးမှူးဦးဇော် ဝေလင်း၊ ကော်မတီဝင်ဦးကျော် မင်းထွန်းတို့အဖွဲ့နှင့် မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင့်လွင်၊ အတွင်းရေးမှူး ဦးမြစိုး၊ အလုပ် အမှုဆောင်များ၊ မြို့နယ်အရန် ကော်မတီဝင်များနှင့်တွေ့ဆုံပွဲပြု လုပ်ခဲ့သည်။