ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး တိုင်း ခရိုင် မြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပေါင်းတည် ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ခရိုင် ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီမှ ၃ နာရီ ၁၅ မိနစ်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းသည် ပဲခူးတိုင်းဒေသကြီး(အနောက်)မှ တိုင်း ခရိုင် ပါတီအဆင့်ဆင့်မှ တာဝန်ရှိသူများဖြစ်ကြသော တိုင်းဒေသကြီးပါတီဒုဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ အတွင်းရေးမှူးဦးကျော်ကျော်လင်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်ဇော်ဌေး၊ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များလိုက်ပါ၍ ပေါင်းတည်မြို့နယ်၊ သဲကုန်းမြို့နယ်တို့မှ ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ လူငယ်နှင့်အမျိုးသမီးရေးရာတာဝန်ခံများနှင့်တွေ့ဆုံ၍ တာဝန်ရှိသူများက ပါတီ ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပြီး မြို့နယ်ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များမှ လက်ရှိဖြစ်ပေါ်နေသော မြို့နယ်တွင်းအခြေအနေများကို ပြန်လည်တင်ပြခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မဟာမာရ်အောင်စေတီတော်ကြီးရေတိုက်စားခြင်းမရှိစေရေး ပြည်ခိုင်ဖြိုးပါတီနှင့် ရွှေပြည်တော်ဆုံမှတ်မှ လုပ်အားပေးဆောင်ရွက်လျက်ရှိ

 

ပဲခူး ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သာယာဝတီခရိုင် လက်ပံ တန်းမြို့နယ် ပျဉ်းကတိုးကုန်းကျေးရွာတွင် တည်ထားကိုးကွယ် တော်မူသော နှစ်ပေါင်း ၂၅ဝ ကျော်ပြီဖြစ်သည့် ဆုတောင်းပြည့် မဟာမာရ်အောင်စေတီတော်အား ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဘုရားစေတီတော်ရေမခစေရေးလုပ်ငန်းခွင်အား ပြည်ခိုင်ဖြိုးပါတီ၊ ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအသင်းနှင့်ပြည်သူများမှ သဘာဝ ဘေးဒဏ်ကာကွယ်ရေးလုပ်ငန်းများအား လုပ်ဆောင်လျက်ရှိရာ ယနေ့သည် ၁၂ရက်မြောက်ဖြစ်သည်။

ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်အစည်းအဝေးပွဲကျင်းပ

 

ပဲခူး၊ ဒီဇင်ဘာ ၁ဝ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ ၉ ရက် နံနက် ၁ဝ နာရီခန့်တွင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ရုံး ခန်းမ၌ လပတ်အစည်းအဝေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းသို့ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်စိုး၊ အဋ္ဌမအကြိမ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်စိုးနှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီ၏ရပ်/ကျေး ဥက္ကဋ္ဌများ တက်ရောက်ကြပြီး ယင်းတို့မှ မိမိတို့၏နယ်မြေဒေသအလိုက် လက်ရှိအခြေအနေများကို တင်ပြဆွေးနွေးကာ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်စိုးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး (အနောက်) ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်

ပြည်၊ ဒီဇင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲအခမ်းအနားအား ပြည်မြို့ရှိ Wish ခန်းမတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်မှုဆောင် ဦးအောင်တင်မြင်၊့ ဗဟိုအလုပ်အမှု ဆောင် ဦးလှသိန်းဆွေ၊ ဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ဝင်း၊ ပဲခူးတိုင်းဒေသကြီး ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ဗဟို ကော်မတီဝင်များ တိုင်း၊ခရိုင်၊မြို့နယ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ အခမ်းအနားအား နိုင်ငံတော် အလံအား အလေးပြု၍ နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး အနုပညာရှင်အမျိုးသမီးများမှ “မင်္ဂလာပါ” သီချင်းဖြင့် သီဆိုဖျော်ဖြေခြင်း၊ ပါတီဝင်အမျိုးသမီးကိုယ်စာလှယ်များမှ ပျူယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ သည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့သည်။

ဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

ဖြူး၊ နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့ရာ အစီအစဉ်အရ အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ကျင်းပခဲ့သည်။

အုတ်တွင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြားဖြတ်ရွေးကောက်ပွဲအခြေအနေများကို သုံးသပ်ဆွေးနွေး

 

ပဲခူး နိုဝင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် အုတ်တွင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အား ယမန်နေ့နံနက် ၉ နာရီတွင် မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အုတ်တွင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့် မဲရုံကိုယ်စားလှယ်များနှင့်တွေ့ဆုံ

 

အုတ်တွင်း၊ အောက်တိုဘာ ၃ဝ

ဗဟိုအမျိုးသမီးညီလာခံအားကြိုဆိုသောအားဖြင့် ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကုသိနာရုံတောင်တော်မြတ်တွင် စုပေါင်းသန့်ရှင်းရေးလုပ်အားပေး

 

ကျောက်ကြီး အောက်တိုဘာ ၁၇

ပဲခူးတိုင်းဒေသကြီး တောင် ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အမျိုးသမီးရေးရာနှင့် လူ ငယ်ရေးရာအလိုက် တာဝန်ခံများ နှင့် မြို့နယ်ကော်မတီဝင်များအား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှဘုန်း ဦး ဆောင်၍ ပါတီဝင်အင်အား ၃ဝ ကျော်ဖြင့် ဗဟိုအမျိုးသမီးညီလာခံ အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကျောက်ကြီးမြို့နယ် ကုသိနာရုံ တောင်တော်မြတ်ပတ်ဝန်းကျင်သန့် ရှင်းသာယာရေးအတွက် ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိစုပေါင်းသန့်ရှင်းရေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းဦးဝင်းမြင့် သရက်ပင်ကျေးရွာရှိ မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံ

 

အုတ်တွင်း အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင်အုတ်တွင်းမြို့နယ် မဲဆန္ဒ နယ်အမှတ်(၁)ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်သည် ယမန်နေ့ မွန်းလွဲ ပိုင်းက ခရိုင်/မြို့နယ် ပါတီ ကော် မတီဝင်များနှင့်အတူ သရက်ပင် မောင်နှမအုပ်စု သရက်ပင် ကျေး ရွာ ဦးပြုံးခြံဝင်းအတွင်း ဒေသခံ မဲဆန္ဒရှင်ပြည်သူများနှင့်ရင်းနှီးစွာ မိတ်ဆက်ပြီးပါတီ၏မူဝါဒလမ်းစဉ် များ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။