ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲများ ပြုလုပ်

 

ပဲခူး ဇွန် ၁၃

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်အောင် ဦးဆောင်သော မြို့နယ်ပါတီ ကော်မတီဝင်များသည် ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် တာဝန်ရှိဒေသခံများနှင့်အတူ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပေးခြင်းများ ပြုလုပ်ခဲ့ပြီး ရပ်မိရပ်ဖများ၊ ရပ်ကွက်၊ ကျေးရွာ ပါတီဝင်များနှင့် တွေ့ဆုံပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ၊ ၂ဝ၂ဝ ရွေးကောက်ပွဲ ပါတီအောင်နိုင်ရေး ကိစ္စရပ်များ၊ စစ်မှန်သော ပါတီဝင်အင်အား တိုးမြှင့်ရရှိရေးအတွက် စည်းရုံးရေးဆိုင်ရာ ကိစ္စများအား တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ ကြသည်။

မင်းလှမြို့နယ် ပြည်ခိုင်ြဖိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

ဇွန် ၁၁၊ မင်းလှ

ပဲခူးတိုင်းဒေသကြီး (အနောက်) သာယာဝတီခရိုင် မင်းလှမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ တိုင်း/ ခရိုင်/ မြို့နယ်နှင့် ရပ်ကွက်/ ကျေးရွာအုပ်စု (၆၆) အုပ်စုမှ ရပ်ကျေးပါတီဥက္ကဌများ လစဉ်ပုံမှန် အစည်းအဝေး (၆/၂၀၁၉) ကို ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြို့နယ်ကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆက်လက်ကျင်းပ ခဲ့ပါသည်။

ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပ

 

ကြို့ပင်ကောက် ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ဦးဝင်းမြင့်စိုး ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲခန့်က ဂုမ္မကွင်းအုပ်စု လိမ္မင်ကွင်း ကျေးရွာရှိ ပြည်ခိုင်ဖြိုးရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးနေလင်းအောင် နေအိမ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းအခမ်းအနားတွင် အခမ်းအနားမှူး ဒေါ်တင့်တင့်ခိုင်က အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်း နာယက ဦးဝင်းမြင့်စိုးက အဖွင့်စကားများနှင့် ယနေ့ဖြစ်ပေါ်နေသော ပဂတိအခြေအနေ အကြောင်းအရာများကို ဆွေးနွေး ပြောကြားသည်။

ပေါင်းတည်ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန် အစည်းအဝေး ကျင်းပ

 

ပေါင်းတည် ဇွန် ၉

ပဲခူးတိုင်း (အနောက်) ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် လစဉ်ပုံမှန် အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ ကျင်းပခဲ့သည်။

ပြည်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒေသခံတောင်သူကြီးများနှင့် တွေ့ဆုံ ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်

 

ပေါက်ခေါင်း ဇွန် ၎

ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ညောင်ပင်အင်းရွာ အလယ်စုမှ တောင်သူ လယ်သမားကြီးများနှင့် တွေ့ဆုံရန် ယမန်နေ့ နံနက်ပိုင်းတွင် ပြည်ခရိုင် ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းထွန်းမြင့်၊ တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးသိန်းစိုးနှင့် သက်ဆိုင်ရာ နယ်မြေတာဝန်ခံများ သွားရောက် ခဲ့ကြသည်။

ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မိသားစုဝင်များ စုပေါင်း၍ ဘိုးဘွားများအား တစ်နေ့တာ အာဟာရဒါန လှူဒါန်း

 

ဝေါ ဇွန် ၃

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီမိသားစုဝင်များ စုပေါင်း ၍ ယမန်နေ့ နံနက် ၉ နာရီက ဝေါမြို့ ဘိုးဘွားရိပ်သာတွင် တစ်နေ့တာ အာဟာရ လှူဒါန်းငွေ ကျပ်တစ်သိန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

 

ကြို့ပင်ကောက် ဇွန် ၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီ မိနစ် ၃ဝ က ကျင်းပခဲ့ကြောင်း သိရသည်။

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးမှ ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်း

 

ပဲခူး မေ ၂၉

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးဝင်းမြင့်အောင် ဦးဆောင်သော မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ပဲခူးမြို့နယ်ဘုရားလေး ကျေးရွာရှိ ဘုရားလေး အခြေခံပညာ အထက်တန်းကျောင်းနှင့် ဘုရားလေးအခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) များသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများ အသုံးပြုနိုင်ရန်အတွက် ကျောင်းသုံး ဗလာစာအုပ်များနှင့် ဘောပင် များကို လှူဒါန်းပေး ခဲ့ကြသည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲ တက်ရောက်

 

ဝေါ မေ ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် စီမံခန်ခွဲ့မှုသင်တန်း (၁/၂ဝ၁၉) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ အတွင်းရေးမှူး ဦးညီညီမြင့်၊ တိုင်းကော်မတီဝင် ဦးအောင်နိုင်၊ ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်စိုး၊ ခရိုင်ကော်မတီဝင် ဦးကျော်ဇော်နှင့် ကော်မတီဝင်များ၊ ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးမောင်ယု၊ အတွင်းရေးမှူး ဦးသက်တိုးဝင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ သင်တန်းဆရာများ၊ သင်တန်းသား၊ သင်တန်းသူ ၆ဝ တက်ရောက်ခဲ့ကြသည်။