ညောင်လေးပင်၊ စက်တင်ဘာ ၂၉
ညောင်လေးပင်၊ စက်တင်ဘာ ၂၉
ညောင်လေးပင်၊ စက်တင်ဘာ ၂၈
ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ယမန်နေ့မနက် ၈ နာရီချိန်မှ စတင်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို ကိုဗစ် -19 ဥပဒေနှင့်အညီ မဲဆွယ် စည်းရုံးခဲ့ကြသည်။
ညောင်လေးပင်၊ စက်တင်ဘာ ၂၂
ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့အတွင်းရှိ ကျေးရွာများသို့ ယနေ့မနက် ၈ နာရီချိန်မှစတင်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို ကိုဗစ်-19 ဥပဒေနှင့်အညီ စတင်မဲဆွယ် စည်းရုံးခဲ့ကြသည်။ ပိန်းဇလုပ်မြို့အတွင်းရှိ ဒလဆိပ်၊ အင်းပရိ၊ ကျောင်းကုန်း၊ ကံကလေး၊ ပိန်းဇလုပ်ရွာမ ကျေးရွာများ သွားရောက်ပြီး ရပ်မိရပ်ဖများ၊ အောင်နိုင်ရေး အဖွဲ့ဝင်များ၊ ရပ်ကျေးအမှုဆောင် များနှင့် တွေ့ဆုံပြီး အောင်နိုင်ရေးအတွက်ဆွေးနွေးခဲ့ကြကာ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် လက်ကမ်းစာစောင်များ ဝေဌ၍ စည်းရုံးရေး ဆင်းခဲ့ကြသည်။ မဲဆွယ်စည်းရုံးရေးသို့ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန့်ဇော်လွင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များ နှင့် ဒေသခံလူငယ်များ လိုက်ပါခဲ့ကြသည်။ Waiyan
ညောင်လေးပင်၊ စက်တင်ဘာ ၂၁
ယနေ့မနက် ၉ နာရီချိန်မှ စတင်၍ ညောင်လေးပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စား လှယ်လောင်းများ၏ မဲဆွယ် စည်းရုံးရေးခရီးစဉ်ကို ကိုဗစ်-19 ဥပဒေနှင့်အညီ စတင်မဲဆွယ်စည်းရုံး ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု လွှတ်တော်အရပ်ရပ်မှ ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ဒေသတာဝန်ခံ များ၊ဝန်းရံသူပါတီဝင် လူငယ်မောင်မယ်များ ပါဝင်၍ ယမန်နေ့ နံနက် မင်္ဂလာအချိန်မှစ၍ ဖြူးဒေသ၊ အုတ်ဖြတ်ဒေသ၊ညောင်ပင်သာဒေသ၊ ကညွတ်ကွင်းဒေသနှင့် ဇေယျဝတီ ဒေသများသို့ လှည့်လည်၍ လွှတ်တော်အရပ်ရပ်မှ ကိုယ်စားလှယ်လောင်းများ၊ ဓာတ်ပုံပါ အောင်နိုင်ရေး ဆိုင်းဘုတ်များ စိုက်ထူ၍ အောင်နိုင်ရေးအလံများ လွှင့်ထူ ခဲ့ကြကြောင်း သိရသည်။ ကျော်ဆွေဝင်း(ရွှေအင်း)
ကြို့ပင်ကောက် စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့နံနက် ၉ နာရီခန့်မှစ၍ မြို့တွင်းလှည့်လည်ပြီး ရွေး ကောက်ပွဲအောင်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဝေါ သြဂုတ် ၂၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး (အရှေ့) တွဲဖက်တာဝန်ခံ ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးအောင်နိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးကျော်ဇော၊ ဝေါမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမောင်ယုနှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် ဝေါမြို့ပေါ်ရှိ ဘုန်းတော် ကြီးကျောင်း ၂ဝ မှ ဆရာတော်ကြီးများအား ယမန်နေ့ နံနက် ၁ဝနာရီက ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ညောင်လေးပင် သြဂုတ်လ