ညောင်လေးပင်မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ ကိုဗစ်-19 ဥပဒေနှင့်အညီ တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲဆွယ်စည်းရုံးရေးစတင်

 

ညောင်လေးပင်၊ စက်တင်ဘာ ၂၁

ယနေ့မနက် ၉ နာရီချိန်မှ စတင်၍ ညောင်​လေးပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စား လှယ်​လောင်းများ၏ မဲဆွယ် စည်းရုံး​ရေးခရီးစဉ်ကို ကိုဗစ်-19 ​ဥပ​ဒေနှင့်အညီ စတင်မဲဆွယ်စည်းရုံး ခဲ့ကြသည်။

ထိုသို့စတင်စည်းရုံးရေးဆင်းရာတွင် ပထမဦးဆုံးအနေဖြင့် ​ညောင်လေးပင်မြို့မ (၃) ရွာ သစ်ပိုင်း၊ ဖအောင်း၊ ရှမ်းရွာ၊ သာလူကုန်း၊ အလယ်ရွာကျေးရွာများသို့ သွား​ရောက်ပြီး ရပ်​မိရပ်ဖများ၊ အောင်နိုင်​ရေးအဖွဲ့ဝင်များ၊ ရပ်ကျေး အမူဆောင်များနှင့် တွေ့ဆုံပြီး အောင်နိုင်​ရေးအတွက်​ ဆွေး​နွေးခဲ့ကြကာ တစ်အမ်တက်ဆင်း (Door to Door) စနစ် ဖြင့်လက်ကမ်းစာစောင်များ ဝေဌ၍ စည်းရုံးရေး ဆင်းခဲ့ကြသည်။

မဲဆွယ်စည်းရုံးရေးသို့ ညောင်လေးပင်မြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန့်ဇော်လွင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးညွန့်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ဦးမြင့်စိုး နှင့် မြို့နယ်ကော်မတီဝင်များ ပါဝင်ခဲ့ကြသည်။