ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၅) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တောင်ငူခရိုင်ပါတီ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ သဘာပတိကြီးနှင့် ရေတာရှည်မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု (၅၉)အုပ်စုမှ စည်းရုံးရေးမှူးနှင့် ဒုတိယခေါင်းဆောင်များ စုံညီစွာတက်ရောက်ခဲ့ကြသည်။

မိုးကြီးရေလျှံသောနေရာတချို့တွင် ပြည်ခိုင်ဖြိုးပါတီမှထမင်းထုပ်များလှူဒါန်း

 

ပြည်ခရိုင်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်မြို့ ရွာဘဲနယ်မြေ စည်ကြီးဆွဲရပ်ကွက်တောင်ပိုင်းတွင် ရေများဝင်ရောက် ခဲ့မှုကြောင့် ရပ်ကွက်တွင်းရှိ အိမ်ခြေ ၃၇လုံးမှ ပြည်သူများအတွက် ယခုလ ၁၁ ရက် ညနေပိုင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ပြည်ခရိုင်ကော်မတီဝင်များနှင့် မြို့နယ်ကော်မတီဝင်တို့က အဆိုပါနေအိမ် ၃၇ လုံးရှိ မိသားစုဝင်များအတွက် ညစာထမင်း ထုပ်များ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်မျက်နှာစုံညီ အစည်းအဝေးကျင်းပနိုင်ရေး ညှိနှိုင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းအဆင့်စုံညီအစည်း အဝေးကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်မြို့ရှိတိုင်းပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါညှိနှိုင်းပွဲသို့ တိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်တို့မှ ကော်မတီဝင်များ၊ ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၄ မြို့နယ်မှ အတွင်းရေးမှူးများ စုံညီ စွာတက်ရောက်ခဲ့ပြီး မြို့နယ်မျက်နှာစုံညီအစည်းအဝေးကျင်းပနိုင်ရေး အတွက် တိုင်းအဆင့် စုံညီအစည်းအဝေးကို ကျင်းပခဲ့ကြောင်းသိရ သည်။

သူရအောင်(ပြည်)

ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင်များ ပြန်လည် ရွေးချယ်ပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပါတီဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းနှင့်အညီ ပါတီကျစ်လျစ် ခိုင်မာပြီး အင်အားပိုမို တောင့်တင်းခိုင်မာစေရန်၊ နိုင်ငံတော်နှင့် နိုင်ငံသား များအကျိုးကို သယ်ပိုး ဆောင်ရွက်နိုင်သည့်၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ပါတီဖြစ်စေရန် အတွက် ရည်ရွယ်၍ မြို့နယ်ကော်မတီဝင်များ ပြန်လည်ရွေးချယ် ပွဲပြုလုပ်ခြင်းဖြစ်ကြောင်း ပဲခူးခရိုင်ပါတီအတွင်းရေးမှူး ဦးအောင်စိုး ကပြောသည်။

မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ဖွဲ့စည်းရေး

တောင်ငူခရိုင် တောင်ငူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကို (၁၀ – ၆ – ၂၀၁၆ ) နံနက် ၁၀ နာရီ တွင် စတင်ကျင်းပ ခဲ့ပါသည် ။
အခမ်းအနားကို တိုင်းပါတီကော်မတီဝင်များ ခရိုင်အတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ မြို့နယ်ပါတီကော်မတီဝင် များနှင့် ရပ်ကွက် ကျေးရွာ များက ပါတီ ခေါင်းဆောင် ( ပ / ဒု ) များ အပါအဝင် ၁၇၀ဦး တက်ရောက်ခဲ့ပါသည် ။

ကြို့ပင်ကောက်ပြည်ခိုင်ဖြိုးရုံးတွင် ခရိုင်ပါတီအတွင်းရေးမှူး အမာခံကေဒါများနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမအတွင်း ဇွန်လ (၉) ရက်နေ့ နံနက် (၁ဝ) နာရီက ပြုလုပ်ခဲ့သော တွေ့ဆုံပွဲ၌ ခရိုင်ပါတီအတွင်းရေးမှူး ဦးသိန်းဇော်နှင့် မြို့နယ်ပါတီအတွင်းရေးမှူး ဦးစည်သူအောင် တို့သည် ရပ်/ကျေး (၅၉) အုပ်စုမှ အမာခံများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံပွဲသို့ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်အိအိမွန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရုံးအဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁ဝဝ) နီးပါးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည် ရွေးချယ်ဖွဲ့စည်းရေးကို ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံး၌ ယနေ့ (ဇွန်လ ၉ ရက်) နံနက် (၁၀) နာရီတွင် စတင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် တောင်ငူခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီ ကော်မတီဝင်များမှ ဦးဆောင်ကာ ကျင်းပပေးခဲ့သည်။

ကျောင်းကြီးအိုးတန်းရပ်တွင် မီးမတော်တဆမှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ကျောင်းကြီးအိုးတန်းရပ်ကွက် ကုန်သည်လမ်းရှိ ဦးခင်မောင်ဝင်း၏နေအိမ် ပေ ၄ဝx၁၅ပေ သွပ်မိုး၊ ထရံကာမြေစိုက်နေအိမ်တွင် ယမန်နေ့ နံနက် ၃ နာရီ ၃၅မိနစ်ခန့်တွင် လျှပ်စစ်ဝိုင်ယာကြိုးများ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ သန္ဓေနှင့်အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ် ၁၁ စီး၊ သန္ဓေ ၂ဝ ဦး၊ အရန် ၄၅ ဦးတို့သွားရောက်ငြှိမ်းသတ်ရာ နံနက် ၃ နာရီ ၄၂ မိနစ်တွင် မီးငြှိမ်းနိုင်ခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဝါးထရံတစ်ချပ် မီးလောင်ကျွမ်း ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ် ၅ဝဝဝခန့်ရှိကြောင်း ပြည်ခရိုင်မီးသတ် ဦးစီးမှူးရုံးမှ သိရသည်။

ကျောက်တံခါးပြည်ခိုင်ဖြိုးပါတီ မီးဘေးသင့်ပြည်သူများ အားကူညီထောက်ပံ့လှူဒါန်း

ယခုလအတွင်းရန်ကုန်-မန္တလေးအမြန်လမ်းမအနီးရှိကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာအတွင်းမီးလောင်ခဲ့မှူသောကြောင့်မီးဘေးသင့်ပြည်သူများအားမတ်လ၂၀ရက်နေ့နေ့လည်၁နာရီခန့်ကကျောက်တံခါးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမြို့်အတွင်းရေးမှူးဦးကျော်ဆန်းဦးနှင့်ပါတီဝင်များမှစုပေါင်း၍စောင် ဆန် ဆီစသည့်ပစ္စည်းများသွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းပွဲသို့မြို့ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်နှင့်သက်ဆိုင်ရာတာဝန်ရှိဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီးနောက်မီးဘေးသင့်ပြည်သူများကိုယ်စားကျေးရွာအုပ်ချုပ်ရေးမှူးမှပစ္စည်းများအားလက်ခံရယူခဲ့ပြီးနောက်မြို့နယ်ပါတီအတွင်းရေးမှူးနှင့်ပါတီဝင်များမှမီးဘေးသင့်ပြည်သူများအား ရင်းနှီးနှုတ်ဆက်အားပေးခဲ့ကြောင်းသိရပါသည်။

“ကျမတို့ဒေသက၂၀၁၅ရွှေးကောက်ပွဲတုန်းကခြင်္သေ့ကိုမဲမထည့်ခဲ့တာများပါတယ်ဒါပေမဲ့ယခုလိုမီးဘေးသင့်ဒုက္ခရောက်နေချိန်မှာကြံ့ခိုင်ရေးပါတီကလာလှူတယ်ဆိုတော့စိတ်ထဲမှာတမျိုးပဲမီးလောင်လောင်ခြင်းနာရီပိုင်းမှာလဲသူတို့ပါတီဥက္ကဌဆိုတဲ့ပဲခူးတိုင်းကဝန်ကြီးချုပ်ကြီးကလည်းချက်ခြင်းလာရောက်ပြီးကျမတို့နဲ့ ရင်းရင်းနှီးနှီးအားပေးစကားလာပြောပြီးကူညီပေးခဲ့တယ်လေကျေးဇူးတင်ပါတယ်ပဲပြောတက်တော့တယ်”ဟုမီးဘေးသင့်ပြည်သူတဦးမှပြောကြားခဲ့ပါသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)